အမေရိကန် ရေတပ် ရေငုပ် သင်္ဘောများတွင် အမျိုးသမီးများ တာဝန် ထမ်းဆောင်ခွင့်ပြုမည်

alt

အမေရိကန် ရေတပ်သည် မကြာမီ ကာလအတွင်း အမျိုးသမီးများကို ရေငုပ်သင်္ဘောများတွင် တာဝန် ထမ်း ဆောင်ရန် ခွင့်ပြုတော့မည်ဟု ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့သည်။ ယခင် ကတည်းက အမျိုးသမီး များ

ရေတပ်တွင် တာဝန် ထမ်းဆောင်နေပြီး ဖြစ်သော်လည်း ရေအောက်တွင် ရက်ပေါင်းများစွာ သွားလာ နေရသည့် ရေငုပ် သင်္ဘောများတွင်မူ အထူး ရွေးချယ်ထားသည့် စိတ်ဓာတ် ကြံ့ခိုင်သော အမျိုးသား လက် ရွေးစင် ရေတပ်သားများ ကိုသာ အမှုထမ်းစေသည်။

ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်က ပြီးခဲ့သည့် သီတင်းပါတ် အတွင်း အမျိုးသမီး ရေတပ်သားများကို ရေငုပ် သင်္ဘောများတွင် တာဝန် ထမ်းဆောင်ခွင့်ပြုရန် အမိန့်အား အတည်ပြု လက်မှတ် ရေးထိုး ပေးလိုက် ပြီ ဖြစ်သည်။ ဝန်ကြီး အနေနှင့် ယခုကဲ့သို့ ရေတပ် ပေါ်လစီ ပြောင်းလဲခြင်းအား အပြည့်အဝ ထောက်ခံ ကြောင်း ပင်တဂွန်မှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။

ယခု သတင်းအား ABC သတင်းဌာနက ပထမဆုံး ကြေညာခဲ့ပြီး အမျိုးသမီးများ အနေနှင့် စိတ်ပိုင်းရုပ်ပိုင်း ကြံ့ခိုင်မှုများ အတွက် ပိုမိုအားထည့် လေ့ကျင့်ရမည်ဟု ဆိုသည်။ အမေရိကန် ရေတပ် တိုက်သင်္ဘောများတွင် (၁၉၉၃)ခုနှစ် ကတည်းက အမျိုးသမီးများ စတင် တာဝန် ထမ်းဆောင်ခဲ့သော်လည်း တိုက်ခိုက်ရေး နယ်ပယ်တွင် ပါဝင်ခွင့်ကို ပိတ်ပင် ထားခဲ့သည်။ အမေရိကန် စစ်တပ်တွင် အမျိုးသမီး အများစုသည် တိုက်ခိုက်ရေး တာဝန် မဟုတ်သော ဆေးတပ်သား၊ လေယာဉ်မှူး၊ ယာဉ်မောင်း စသည်တို့တွင်သာ တာဝန် ထမ်း ဆောင် ရလေ့ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here