ချဲလ်ဆီးနှင့် မန်ယူတို့အား အနိုင်ရခဲ့ခြင်း အပေါ် အဲဗာတန် ကစားသမား ဝံ့ကြွားပြောဆို

alt

ဂျက်ရော့ဝဲလ်က အဲဗာတန်၏ အနာဂတ်သည် ချဲလ်ဆီးနှင့် မန်ချက်စတာ ယူနိုက်တက် တို့ အား အနိုင်ယူခဲ့ခြင်း နှင့်အတူ ထွန်းလင်း တောက်ပလာမည်

ဖြစ်ကြောင်း ဝံ့ကြွား ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ခုတွင် လီဗာပူးမြို့ အခြေစိုက် ကလပ်အသင်း သည် အင်္ဂလန် အမှတ် ပေးဇယား နံပါတ်(၁) နှင့် (၂)မှ နှစ်သင်းလုံးအား ဆက်တိုက် အနိုင် ယူခဲ့သည်။ အဲဗာတန်သည် ချဲလ်ဆီး အား (၂-၁)ဖြင့် အနိုင်ယူခဲ့သလို အင်္ဂလန် ချန်ပီယံ ယူနိုက်တက် ကိုလည်း (၃-၁)ဖြင့် အနိုင်ရခဲ့ သည်။

ကွင်းလယ်လူ ရော့ဝဲလ် သည် ယူနိုက်တက်အား အနိုင်ဂိုးတဂိုး သွင်းပေးခဲ့ပြီးနောက် ယခုအခါ ဝိန်းရူနီ လက်သစ် အဖြစ် အဲဗာတန် ပရိသတ်က ချီးကျူးဂုဏ်ပြုမှုကို ခံနေရသည်။ အသင်းကြီးများကို ဆက်တိုက်် အနိုင်ရခဲ့သည့် အတွက် တသင်းလုံး အားတက် ဝမ်းမြောက်နေကြောင်း၊ အဲဗာတန်၏ ဘောလုံးသမား ဖွဲ့စည်းမှုမှာ အလွန် တောင့်တင်းပြီး ပိုမို အဆင့်အတန်း မြင့်မားလာမည်ဟု ယုံကြည်ကြောင်း ရော့ဝဲလ် ကဆို သည်။

အဲဗာတန်သည် ပရီးမီးယားလိဂ် နာမည်ကျော် အသင်းတသင်း ဖြစ်သည့် မန်ချက်စတာ စီးတီးကိုလည်း အနိုင်ယူ ထားခဲ့ပြီး ဖြစ်သည်။ ရော့ဝဲလ် က ယခုအချိန်တွင် အဓိက ပြိုင်ဖက် အဖြစ် အက်စတွန်ဗီလာ၊ ဘော်တန်တို့ကို အာရုံ စိုက်ရမည် ဖြစ်ကြောင်း၊ ထိုအသင်းများသည် ဥရောပပြိုင်ပွဲ ဝင်ခွင့်အတွက် အဲဗာတန်အား အဓိက ခြိမ်းခြောက် လာနိုင်ကြောင်း သုံးသပ် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here