ခင်ပွန်းသည်နှင့် ကွာရှင်းရန် ချယ်ရီကိုးလ် ဆုံးဖြတ်ထား ဟုဆို

alt

Girls Aloud အဖွဲ့မှ အဆိုတော် မလေး ချယ်ရီကိုးလ် သည် ခင်ပွန်းသည်နှင့် ကွာရှင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရှိ ရသည်။

သူမနှင့် ရင်းနှီးသူများက ဗြိတိသျှ အဆိုတော် မလေးသည် ခင်ပွန်းသည် အင်္ဂလန် ဘောလုံး သမား အက်ရှ်လေကိုးလ် က သူမ၏ နောက်ကွယ် တွင် အမျိုးသမီးများနှင့် ဇာတ်ရှုပ်မှုအား ဆက်လက် သည်းခံရန် ဆန္ဒ မရှိတော့ဟု သူမ၏ မိတ်ဆွေ များက ပြောကြားခဲ့သည်။

အသက် (၂၆)နှစ်ရှိ ချယ်ရီသည် (၂၀၀၅)ခုနှစ်၊ ဇူလိုင်လက အက်ရှလေ နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ယခု အချိန်တွင် ချယ်ရီသည် အမေရိကန်နိုင်ငံ၊ လော့စ် အိန်ဂျယ်လိစ်သို့ ရောက်ရှိ နေကြောင်း သိရှိရသည်။ သူမ၏ ကိုယ်စားလှယ်က ချယ်ရီသည် ခင်ပွန်းသည်နှင့် တသီးတခြားစီ နေထိုင်လျက် ရှိကြောင်း ပြော ဆိုခဲ့ သော်လည်း ကျန် ကိစ္စများမှာ အဆိုတော် မလေး၏ ကိုယ်ရေးကိုယ်တာ သာဖြစ်ကြောင်း ပြောကြား ထားသည်။

သူမ၏ မိတ်ဆွေများကမူ ချယ်ရီသည် ရက်ပိုင်းအတွင်း အက်ရှ်လေ ထံမှ ကွာရှင်းခွင့် တောင်းခံသွားဖွယ် ရှိနေ ကြောင်း မှတ်ချက်ပြုထားသည်။

အက်ရှ်လေသည် ဆိုနီယာဝိုင်း အမည်ရှိ အဖော်အချွတ် မော်ဒယ်လ် တဦးထံသို့ ၎င်း၏ ကိုယ်လုံးတီး ဓာတ်ပုံများ မြှူဆွယ် ပေးပို့ခဲ့ကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ချယ်ရီသည် Valentine’s Day တွင် ခင်ပွန်း သည် နှင့်အတူ နေထိုင်မည့် အစီအစဉ်ကိုပါ ဖျက်သိမ်းကာ အမေရိကန်သို့ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here