အင်ဒိုနီးရှား မြေပြိုမှု အနည်းဆုံး ၁၅ဦး သေဆုံး

alt

အင်ဒိုနီးရှားတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများ အတွင်း လူ(၁၅)ဦး အနည်းဆုံး သေဆုံးပြီး (၅၇)ဦးထက် မနည်း မြေအောက်တွင် နစ်မြုပ်နေကြောင်း သိရှိရသည်။ ဂျာဗား ကျွန်းပေါ်ရှိ ဆီဝီဒင်မှ တင်ဂျိုလီဂျာရာ ရွာကလေးတွင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ခဲ့ရပြီး လူအများ အပြားလည်း ဒဏ်ရာများ ရရှိခဲ့ကြ သည်။

တာဝန်ရှိသူများက အလောင်း (၁၅)လောင်းကို တူးဖော် တွေ့ရှိခဲ့သော်လည်း မြေပြိုသည့် ရွှံ့ညွံများ အောက်တွင် ပိတ်မိနေသည့် အတွက် သေဆုံးသူ အရေအတွက် မြင့်တက် လာနိုင်သေးကြောင်း ရဲများက ဆို သည်။ ဖေဖော်ဝါရီလ (၂၃)ရက် နေ့က ဖြစ်ပွားခဲ့သော မြေပြိုမှုများကြောင့် သေဆုံးခဲ့သူ များအနက် (၂) ဦးသည် ဆေးရုံရောက်မှ လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

လူဦးရေ (၆၀၀)ဝန်းကျင် နေထိုင်သော တင်ဂျိုလီဂျာရာ သို့ အင်ဒိုနီးရှား ဒုတိယ သမ္မတက သွားရောက် ရန် စီစဉ်လျက် ရှိသည်။ ယခု လောလောဆယ်တွင် ကယ်ဆယ်ရေး တပ်ဖွဲ့များသည် ရွာသားများအား လုံခြံု ဘေးကင်းရာ နေရာများသို့ ရွှေ့ပြောင်းပေးရန် စီစဉ်လျက် ရှိသည်။ အနီးအနားရှိ စိုက်ခင်းတခုမှ ရွာသား (၂၅)ဦးမှာလည်း သေဆုံးကုန်ပြီဟု ယူဆရသော်လည်း ယခုအချိန် အထိ အလောင်း (၆)လောင်းကိုသာ တွေ့ရှိ ရသေးကြောင်း ဂျာဗား ရဲ တပ်ဖွဲ့က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here