မန်ယူလူငယ် ကစားသမားများ ဖိနပ် အနက်ရောင်သာ ဝတ်ဆင်ရမည်ဟု ကန့်သတ်ထား

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြ ကြီး ဆာ အဲလက်စ် ဖာဂူဆန် က ကတ်သီးကတ်သတ် နိုင်သော ကန့်သတ်မှု တခုကို စည်းကမ်း သတ်မှတ် လိုက်ကြောင်း သိရှိရ သည်။

အသက် (၆၈)နှစ် အရွယ် နည်းပြကြီးက အိုးထရက်ဖို့ဒ် ကွင်းကြီး၏ လူငယ် ကစား သမားလေး များအား ဖိနပ် အရောင်ကို အနက်မှလွဲပြီး မည်သည့် အရောင်မျှ မစီးရန် ကန့် သတ် ထားလိုက်သည်။ ယခုခေတ်တွင် ဘောလုံးသမားများ အနေနှင့် အရောင်ဒီဇိုင်း အမျိုးမျိုးသော ဖိနပ်များကို စီးနေကြသော် လည်း လူငယ် ကစားသမားများ အနေနှင့် ရှေးရိုး အစဉ်အလာအတိုင်း အနက်ရောင် ဘောကန် ဖိနပ်များကိုသာ စီးရမည်ဟု စကော့သား နည်းပြကြီးက သတ်မှတ်ခဲ့သည်။

၎င်းတို့ အနေနှင့် စိတ်ကြိုက်ဖိနပ်များ စီးခွင့် ရလိုပါက ပထမ အသင်းကြီးရှိ စတား ကစား သမားများ ဖြစ် သည့် ရိုင်ယန်ဂစ်၊ ဝိန်းရူနီ စသူ များကဲ့သို့ အဆင့်မျိုး ရောက်အောင် ကြိုးစား ပြီး ဘောကန်ဖိနပ် ကုမ္ပဏီ များက Sponsor ပေးသည့်အခါ ခွင့်ပြုမည်ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။ ၎င်းသည် (၁၉၈၆)ခုနှစ် ကတည်းက ယူနိုက်တက်အား ကိုင်တွယ်ခဲ့သည့် သက်တော်ရှည် နည်းပြကြီး ဖြစ်ပြီး တသင်းလုံးအပေါ် အကြီးအကျယ် ဩဇာညောင်းသည့် ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

ယူနိုက်တက် အတွင်းလူ အချို့က နည်းပြကြီး၏ ယခု ရည်ရွယ်ချက်မှာ လူငယ် ဘောလုံးသမားလေး များ ကြား ဘောကန်ဖိနပ် အရောင်နှင့် ဒီဇိုင်းမျိုးစုံ ယှဉ်ပြိုင်နေခြင်းထက် ခြေစွမ်း တိုးတက်ရန် အကြိတ်အနယ် ယှဉ်ပြိုင် နေကြသည် ကိုသာ တွေ့မြင် လိုသောကြောင့်ဟု ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here