ဂူဂဲလ်အား တရုတ်၏ နည်းပညာ တောချောက် အက

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

တရုတ်နိုင်ငံမှ နည်းပညာ တိုက်ခိုက်မှုများသည် လွန်ခဲ့သောနှစ် ဒီဇင်ဘာလ အထိပင် အင်တာနက်

ကွန်ယက်အတွင်း သိမ်မွေ့ ရှုပ်ထွေးသော ထိုးဖောက် ဝင်ရောက်မှုများ ရှိခဲ့နေဆဲပင် ဖြစ်သည်။

ဇန်နဝါရီ လဆန်းပိုင်းတွင် အမေရိကန် မှ ဂူဂဲလ် အင်တာနက် ကုမ္ပဏီကြီးသည် တရုတ် အစိုးရ၏ အင်တာနက် ထိမ်း ချုပ်မှု မူဝါဒ များကြောင့် တရုတ်ပြည်မအတွင်း ဆက်လက်၍ အလုပ် လုပ်ကိုင်ရန် မဖြစ်နိုင်တော့သဖြင့် တရုတ် ဈေးကွက်မှ နှုတ်ထွက်မည် ဖြစ် ကြောင်း ကြေငြာခဲ့သည်။

တရုတ် အာဏာပိုင်များ ဖက်မှလည်း အင်တာနက်တွင် ဆင်ဆာ ထားရှိသည်ကို အတိအလင်း ပြောကြားထားပြီး ဖြစ် သည့်အပြင် တရုတ်နိုင်ငံတွင် လုပ်ငန်း လာရောက် လုပ်ကိုင်သော ကုမ္ပဏီများ အနေဖြင့် တရုတ်နိုင်ငံ၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည် ဖြစ်ကြောင်း ပြန်လည်ချေပ ပြောကြားခဲ့သည်။ သာမန်အားဖြင့် ကုမ္ပဏီတခု အခြေစိုက် လုပ်ကိုင်ရာ နိုင်ငံမှ ရုပ်သိမ်း ထွက်ခွာသွားခြင်းမှာ မထူးဆန်းသော်လည်း ဂူဂဲလ်နှင့် တရုတ် အစိုးရတို့ အကြား အရှုပ်အထွေးအပေါ် သတင်း လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး တို့နှင့် ဆက်စပ်၍ အမေရိကန် နို်င်ငံခြားရေး ဝန်ကြီင်္းမှ ထိုဖြစ်ရပ်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြားလိုက်သည်။ အမေရိကန် အစိုးရ ဌာနများတွင် တရုတ်နိုင်ငံ ၏ ဆိုက်ဘာနည်းပညာ ထိုးဖောက်ခံရမှုများ ပိုမိုများပြားလာပြီး၊ လက်ဆုပ်လက်ကိုင် သက်သေမပြ နိုင်သေး သော်လည်း ၊ တရုတ် ပြည်မကြီးမှ လာသော ဟက်ကာ(Hacker)များကြောင့် ဖြစ်ကြောင်း စွပ်စွဲထားခဲ့ပြီး ဖြစ် သည်။ တရုတ် အစိုးရမှလည်း တရုတ် ပုဂ္ဂလိကနှင့် အစိုးရဌာန များတွင်လည်း ထိုကဲ့သို့ ဆိုက်ဘာ နည်းပညာ တိုက်ခိုက်ခံရမှုများ ရှိနေပါကြောင်း ယုံမှား သံသယ မရှိအောင် ရသေ့စိတ်ဖြေ ပြန်လည်ချေပ ပြောကြား လိုက်သည်။

၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ ဈေးကွက်သို့ ဂူဂဲလ် စတင်ဝင်ရောက် လာရာတွင် တရုတ်နိုင်ငံ ဥပဒေ များအတိုင်း search engine တွင် သတင်း အချက်အလက် ရှာဖွေရာ၌ ဆင်ဆာတည်းဖြတ်မှု ပြုလုပ် ခဲ့သော်လည်း ယခုအခါ ၎င်းတို့အနေဖြင့် ဆင်ဆာမပါဘဲ ဆောင်ရွက်နိုင်ရန် ညှိနိ်ှုင်းမရပဲ ရှိနေခဲ့ရသည်။ တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အများဆုံးဖြစ်သော်လည်း တင်းကြပ်သော ဆင်ဆာစံနစ်ကို ကျင့်သုံးသည်။ ညစ်ညမ်းဝဘ်ဆိုဒ်များ၊ နိုင်ငံရေး ဝဘ်ဆိုဒ်များကို ပိတ်ထားသည့်အပြင် အချို့ ဝဘ်ဆိုဒ်များကို အချိန် ကာလအလိုက် ပိတ်ထားခြင်း များလည်း ရှိနေပြီး စကားလုံးများကိုပင် ပိတ်ပင်မှုများ ရှိနေခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန်လမှာပင် e-mail များသို့ပင် သွားမရ အောင် ပိတ်ထားခြင်းမျိုးလည်း သာဓက ရှိခဲ့ဖူးသည်။

တရုတ် အစိုးရမှ ဂူဂဲလ် ထွက်ခွာသွားခြင်းဖြင့် တရုတ်ဒေသခံ နည်းပညာ ကုမ္ပဏီဖြစ်သော ပိုင်တု(Baidu) က ဈေးကွက်ဝေစု ပိုရမည် ဖြစ်၍ ဂူဂဲလ် မရှိသော်လည်း တရုတ် အင်တာနက်မှာ ရှင်သန်နေမည် ဖြစ်ကြောင်း ခနဲ့တဲ့တဲ့ ပြောကြားလိုက်သည်။ ပိုင်တု(Baidu)သည်လည်း ၁၉၉၉ ခုနှစ် နောက်ပိုင်း ဆိုက်ဘာ တိုက်ခိုက်မှုများ အဆိုးဝါးဆုံး ကြံုတွေ့ခဲ့ရသည့် အပြင် Iranian Cyber Army အမည်ရှိအဖွဲ့၏ နှောက်ယှက်မှုကြောင့် ဇန်နဝါရီ (၁၂)ရက် နေ့က ဝဘ်ဆိုဒ်များ ယာယီပျက်စီး ခဲ့ရသည်ပင် ရှိခဲ့သည်။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ ဘီလ်ဂိတ်ကလည်း နိုင်ငံခြား တိုင်းပြည်များတွင် သွားရောက် အလုပ်လုပ်ရာ၌ ထိုနိုင်ငံများ၏ စည်းကမ်းများကို လိုက်နာသင့်သည်ဟု သူ၏ ပြိုင်ဖက်ဂူဂဲလ်၏ တရုတ်နှင့် အခြေနေဆိုးဖက်မှ နင်း၍ ဝင်ရောက် ပြောဆို လိုက်သေးသည်။

တရုတ်၏ ဈေးကွက် ဂူဂဲလ်၏ နည်းပညာနှင့် အရှုတ်အထွေးများ ကြားထဲမှ မီးလောင်ရာ လေပင့် ဆိုင်ဘာ နည်းပညာ တိုက်ခိုက်မှုများသည် ၂၀၀၈ ခုနှစ်တွင် ၁၄၈% အထိ မြင့်တက် လာခဲ့ပြီး ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ၁၂.၁၄ ဘီလီယံ ဒေါ်လာဖြစ်သဖြင့် လွန်ခဲ့သော နှစ်ကထက် ၁၀၃.၁ % တိုးတက်လာပြီး၊ ဂူဂဲလ်ကုမ္ပဏီ ထွက်သွားလျှင်လည်း တရုတ် နိုင်ငံအတွက် ထိခိုက်မှု မရှိဘဲ ပြည်တွင်း ကုမ္ပဏီများ အတွက် ပိုပြီးပင် ကောင်းကြောင်း တရုတ်အစိုးရမှ ထုတ်ဖော် ပြောကြားခဲ့သည်။ နိုင်ငံတော်ကောင်စီ သတင်း ထုတ်ပြန်ရေး အဖွဲ့မှလည်း တရုတ်နိုင်ငံ တွင် စီးပွားရေး လုပ်ကိုင်သော နိုင်ငံခြား ကုမ္ပဏီများသည် တရုတ်နိုင်ငံ စည်းကမ်းဥပဒေကို လိုက်နာရမည် ဖြစ်ကြောင်း တတွင်တွင် ပြောဆို ကြေငြာထားသည်။

ဂူဂဲလ် တရုတ် ဈေးကွက်သို့ ဝင်ရောက်စဉ်က ပြစ်တင် ဝေဖန်ခံခဲ့ရပြီး ယခု ရုပ်သိမ်းမည် ဆိုသဖြင့် လူ့အခွင့်အရေး သမားများက ကြိုဆိုထောက်ခံ လိုက်ကြသည်။ ထို့ပြင် အမေရိကန် အနေဖြင့် တရုတ်တွင် ဆင်ဆာပိတ်ဆို့မှုကို ကျော်လွှားနိုင်မည့် နည်းပညာကို အထောက်အကူ ပေးသင့်ကြောင်း ပြောဆိုခဲ့သည်။ တဆက်ထဲမှာပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထိုဖြစ်ရပ်ကို လွန်စွာ စိုးရိမ်ပူပန်မိပါကြောင်း၊ တရုတ်အစိုးရ၏ ရှင်းလင်းချက်ကို သိလို ကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။ ယမန်နှစ် ကလည်း တိဘက် ခေါင်းဆောင် ဒလိုင်းလားမားနှင့် အခြားသော သံတမန်ဆိုင်ရာ ရုံးများတွင် ထိုးဖောက် ဝင်ရောက်မှုများ ရှိခဲ့ပြီး တရုတ်နိုင်ငံမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကနေဒါ အခြေစိုက် အင်တာနက် လုံခြံုရေး ကုမ္ပဏီမှ သုတေသန ပြုလုပ်ထားချက်များအရ ထုတ်ဖော် ပြောကြား ခဲ့ဖူးသည်။

တရုတ် အစိုးရအနေဖြင့် ယခုအခါ အင်တာနက် ဟက်ကာများ လေ့ကျင့် သင်ကြားပေးနေသည့် ဟူပေ အခြေစိုက် Black Hawk Safety Net ကို ပိတ်သိမ်း ဖမ်းဆီးခဲ့ရပြီး၊ ၎င်း ဆိုဒ်သည် အဖွဲ့ဝင် တသောင်း နှစ်ထောင်ကျော် ထံမှ ယွမ် ရ သန်းခန့် ဝင်ငွေ ရရှိသည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ်အတွင်း ဟက်ကာများကြောင့် ဆုံးရှုံး နစ်နာမှုမှာ ယွမ် ရ.၅ ဘီလီယံခန့် ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အင်တာနက် လုံခြံုရေး ဗဟိုဌာန (National Compu -ter Network Emergency Re- sponse Coordination Center) မှ ထုတ်ပြန် ကြေငြာချက်တွင် တွေ့ရှိရပြီး၊ ယခုအချိန်တွင် ဂူဂဲလ် တရုတ် ဈေးကွက်မှ ထွက်ခွာ သွားလျှင် နှစ်ဘက် စလုံးအတွက် နိုင်ငံရေး စီးပွားရေး အကျိုးအမြတ်များ မရရှိနိုင်ပါ။ မည်သို့ပင် နှုတ်ထွက် ရုပ်သိမ်းမည်ကို ပြောကြား နေသော်လည်း နှစ်ဘက်စလုံးမှ လက်ရှိ အခြေအနေ အတိုင်း ဆက်လက် လုပ်ကိုင်ရန် လိုလားကြသည်ကို တွေ့ရှိနေကြ ရပါသည်။ ယခုအခါ နိုင်ငံရေး၊ စီးပွားရေး အားပြိုင်မှု များတွင် အင်တာနက် လုံခြံုရေးနှင့် နည်းပညာ တိုးတက်မှုများသည် များစွာ အရေးပါနေသည်ကို ခေတ်သစ် အားပြိုင်မှု ဗျူဟာအဖြစ် တွေ့ရှိနေရသည်။ ထိုတိုက်ခိုက်မှုများ၊ နည်းပညာများကို အစိုးရများ အနေဖြင့် မည်သို့ ထိမ်းချုပ်မည်၊ ထိမ်းချုပ်နိုင်လိမ့်မည် ဆိုသည်မှာ စိတ်ဝင်စား ဖွယ်ရာပင် ဖြစ်ပါတော့သည်။

ကိုလင်းဦး – စိတ်ပညာ

LEAVE A REPLY

Please enter your comment!
Please enter your name here