ဘုန်းတော်ကြီး ဒလိုင်းလားမား က တိုက်ဂါးဝုဒ်ကို မသိဟုဆို

alt

ဒလိုင်းလားမား ကိုယ်တော်ကြီး သည် တိုက်ဂါး ဝုဒ်ကို မသိဟု ယနေ့ အမေရိကားမှ လာသော သတင်းများက ဖော်ပြခဲ့ ကြသည်။ ကိုယ်တော် ကြီးသည်

ဖေဖော်ဝါရီလ (၂၀)ရက် နေ့က အမေရိကန် သို့ ရောက်ရှိနေစဉ် သတင်းထောက် များက နာမည်ကျော် ဂေါက်သီးချန်ပီယံ ကြံုတွေ့ နေရသည့် အခြေအနေများ အတွက် ဗုဒ္ဓ ဘာသာ တရားတော်အရ မည်သို့သော အပြု သဘော အကြံပေးမှုမျိုး ပြုလုပ်လိုကြောင်း ကိုယ်တော် ကြီးအား လျှောက်ထား မေးမြန်း ခဲ့ရာ တိဘက် ဘာသာရေး ခေါင်းဆောင်ကြီးက “တိုက်ဂါးဝုဒ် ဆိုတာ ဘယ်သူလဲ”ဟု ပြန်လည် မေးမြန်း ခဲ့သည်။

ထို့နောက် သတင်းထောက်များက ဝုဒ်၏ ဇာတ်လမ်းကို လိပ်ပတ်လည်အောင် ရှင်းပြ သည့်အခါ လိင်မှုဆိုင် ရာ ဖောက်ပြန်မှုများနှင့် ပတ်သက်ပြီး အခြားသော ဘာသာတရား များနှင့် ဆင်တူသည့် အမြင်မျိုးပင် ရှိပါ ကြောင်း နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ကိုယ်တော်ကြီးက ဖြေကြား သွားခဲ့သည်။

ဝုဒ်သည် အမျိုးသမီး များနှင့် ဇာတ်ရှုပ်မှုများ ပေါ်ပေါက် လာပြီးနောက် ဖေဖော်ဝါရီလ (၁၉)ရက် နေ့က လူသိရှင်ကြား အမှားကို ဝန်ခံမှု ပြုလုပ် ခဲ့သည်။ ဗုဒ္ဓဘာသာသည် မကောင်းမှု ဟူသမျှကို ကျူးလွန် ခြင်းကြောင့် စိတ်၏ မလုံခြံု၊ မချမ်းမြေ့မှု များနှင့် ကြံုတွေ့ရမည်ဟု အတိအလင်း ဆုံးမထားပြီး ဖြစ်ကြောင်း ဒလိုင်းလားမား က ဆိုသည်။

ထို့အပြင် ဝုဒ် အနေနှင့်လည်း အမှားကို ပြုပြင်နိုင်မည် ဆိုပါက ကောင်းမွန်ပြည့်စုံသူ တဦး ဖြစ်လာမည်ဟု ယုံကြည် ကြောင်းလည်း ကိုယ်တော်ကြီးက သတင်းထောက် များအား ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here