ဖောက်ကလန်ကျွန်း အရေး အာဂျင်တီးနား ထောက်ခံမှုများ ရရှိ

alt

လက်တင် အမေရိက နိုင်ငံများနှင့် ကာရေဘီယံ ဒေသ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် လက်ရှိ ဖြစ်ပွားနေသော ဖောက်ကလန်ကျွန်း ပြဿနာနှင့် ပတ်သက်ပြီး အာဂျင်တီးနားအား ထောက်ခံသွားရန်

သဘောတူညီမှု ရရှိထားကြသည်။

နိုင်ငံ့ ခေါင်းဆောင်များက အာဂျင်တီးနားနှင့် နယ်မြေဆိုင်ရာ ပြဿနာများ ဖြစ်ပေါ် နေသော ဗြိတန် အစိုးရကို ကန့်ကွက် သွားမည်ဟု ဆိုသည်။ မက္ကစီကိုနိုင်ငံ၊ ကန်ကွန်း တွင် ပြုလုပ်ခဲ့သည့် တံခါးပိတ် အစည်းအဝေး နှင့် ပတ်သက်ပြီး ရရှိခဲ့သော သဘောတူညီမှုကို တရားဝင် ကြေညာခြင်းမူ မပြုလုပ်သေးပေ။

ဗြိတိန် နိုင်ငံသည် အာဂျင်တီးနားက ကန့်ကွက်မှုများ ပြုလုပ်နေသည့်တိုင် ဖောက်ကလန် ကျွန်းအနီးတွင် ဖေဖော်ဝါရီ လ (၂၂)ရက် နေ့က ရေတပ် အစောင့်အရှောက်ဖြင့် ရေနံရှာဖွေ တူးဖော်မှုများ စတင် ပြုလုပ်နေ သည်။ အာဂျင်တီးနား သမ္မတ ခရစ်စတီနာ ကရစ်ချနာက သူမ၏ အစိုးရအဖွဲ့အား ဒေသတွင်း နိုင်ငံများက အပြည့်အဝ ထောက်ခံထားကြောင်း ကန်ကွန်း ဆွေးနွေးပွဲအပြီးတွင် ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံ၏ Ocean Guardian ကုမ္ပဏီသည် ဖောက်ကလန် မြောက်ပိုင်း ကီလိုမီတာ(၁၀၀)တွင် ရေနံ တူးဖော်ရေး လုပ်ငန်း စတင်နေပြီ ဖြစ်သည်။ ရေနံများ သယ်ယူရေးကို တာဝန်ယူမည့် Petroleum ကလည်း Liz 14/19-A ဟု အမည် ပေးထားသော ဧရိယာတွင် ရေနံ ရှာဖွေမှုကို ဖေဖော်ဝါရီ (၂၂)ရက်နေ့ GMT စံတော်ချိန် (၁၄း၁၅) နာရီတွင် စတင်နေပြီဟု အတည်ပြုခဲ့သည်။

ဗြိတိန်နှင့် အာဂျင်တီးနား တို့သည် ဖောက်ကလန် ကျွန်းအား ပိုင်ဆိုင်ရေး အတွက် စစ်ပွဲပင် ဖြစ်ပွားခဲ့ဖူးသလို ယခု ထက်တိုင်လည်း နှစ်နိုင်ငံကြား အငြင်းပွားမှုများ ရှိနေဆဲ ဖြစ်သည်။ ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ကမူ မိမိတို့အနေနှင့် ဖောက်ကလန်တွင် ရေနံ တူးဖော်ရေးမျှော်စင် ဆောက်လုပ်ရန် အခွင့်အရေး အပြည့်ရှိကြောင်း တုန့်ပြန် ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here