လိင် လှုံ့ဆော်သည့် iPhone Application များ Apple ပိတ်ပင်

alt

Apple ကုမ္ပဏီသည် ၎င်း၏ နာမည် ကျော် iPhone ရှိ လိင် လှုံ့ဆော်မှုကို ဖြစ်ပေါ်စေ သည့် Application များအား စတင် ပိတ်ပင် နေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Dirty Fingers ကဲ့သို့ Application များ သည် မဖွယ်မရာ အမျိုးသမီး ဓာတ်ပုံများနှင့် အတူ လိင်ပိုင်းဆိုင်ရာ အားပေး အားမြှောက်မှု များ ပါရှိနေကြောင်း Apple က ဝန်ခံလိုက် ပြီးနောက် Application စတိုးများမှ ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Apple က မိမိတို့ထံသို့ iPhone သုံးစွဲသူ အချို့တို့က ယခုကဲ့သို့ Application များ လက်ခံခွင့် ပြုထားခြင်းကို ပယ်ဖျက်ပေးရန် တိုက်တွန်းခဲ့ ကြောင်း ပြောဆိုသွားသည်။ Apple ၏ တကမ္ဘာလုံး ဆိုင်ရာ ဈေး ကွက် တာဝန်ခံ ဖိလစ်ရှယ်လာက ဖုန်းအတွင်း ယင်း ကဲ့သို့ Application များထည့်သွင်း ထားပါက ကလေးငယ်များ အလွယ်တကူ လက်လှမ်းမီ ကြည့်ရှုနိုင်မည်ကို စိုးရိမ်ကြောင်း ပြောကြား ခဲ့သည်။

SlideHer ကဲ့သို့ iPhone Application မျိုးတွင် ညှို့အားပြင်းပြင်း အမျိုးသမီးလေး တဦး၏ပုံကို လက်ချောင်းများဖြင့် ပွတ်သပ်ခြင်းဖြင့် သူမ၏ အဝတ်အစား များကို ဖယ်ရှား ပစ်နိုင်မည် ဖြစ်သည်။ ယင်းသို့သော Application မျိုးသည် လူငယ်ထုနှင့် ကလေးများ ကြားတွင် အလွန် ရေပန်းစားသည့် iPod Touch တွင်လည်း အသုံးပြုနိုင်သဖြင့် Apple က စိုးရိမ်လာခြင်း ဖြစ်သည်။

လေ့လာသူ များက မကြာမီ ထုတ်လုပ် ရောင်းချမည့် iPad တွင်လည်း အလားတူ Application များ မသုံးစွဲနိုင် အောင် စီစစ် ပေးသင့်ကြောင်း မှတ်ချက်ပြု ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here