ကေသုံးလုံး ဂိုဏ်း၏ လူသတ် ပုံတင်သည့် ဆယ်ကျော်သက် လူငယ် စွဲချက်တင်ခံရ

alt

အင်တာနက်ပေါ်တွင် အဝတ်ဖြူများ ခြံုထား သည့် Ku Klux Klan (ကေသုံးလုံး) ဂိုဏ်းသား များက လူမည်းတဦးအား ဆွဲကြိုးချ သတ် ထားသည့် ပုံအား

တင်ထားသည့် အသက် (၁၇)နှစ် အရွယ် ဆယ်ကျော်သက် လူငယ်တဦးသည် ဗြိတိန်တွင် လူမျိုးရေး ခွဲခြားမှုကြောင့် စွဲချက်တင် ခံရ သည့် အသက်အငယ်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

နော်ဖော့ဂ် ရှိ ဖာကမ်ဟမ်အနီး နေထိုင်သော ယင်းလူငယ်သည် ထိုပုံနှင့်အတူ “နီဂရိုး တ ယောက်ကို ဘယ်လို မျိုးဖြုတ်ရမလဲ ဆိုတာ လက်တွေ့ပြထားတာ”ဟူသော စာကိုပါ ရေး ထားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အသက် (၁၅)နှစ် အရွယ် လွန်ခဲ့သော (၂)နှစ် ကတည်းက အဆိုပါပုံကို Upload တင်ထားခြင်း ဖြစ်ပြီး ရဲများက ခြေရာခံ ရှာဖွေမှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ရဲ များက လူငယ်တဦးအား လူမျိုးရေး ခွဲခြား စော်ကားမှုဖြင့် တရားစွဲဆို ရသည်မှာ ယခု တကြိမ် ပထမဆုံး ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ကေသုံးလုံး ဂိုဏ်းသည် လူမည်းများအား ရက်စက်စွာ နှိပ်စက် အနိုင်ကျင့် သတ်ဖြတ်ခဲ့သော အမေရိကန်မှ လူဖြူ အစွန်းရောက် အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အစိုးရ၏ ဖိဖိစည်းစည်း နှိမ်နင်းမှုကြောင့် ပျောက်ကွယ် သွားခဲ့ ရသည်။ သို့သော်လည်း လူမျိုးရေး ခွဲခြားသူများ အနေနှင့် ကေသုံးလုံး ဆန်ဆန် လှုပ်ရှားမှု များဖြင့် ကမ္ဘာနှင့် အဝှမ်း လူမည်းများအား စော်ကား နှိပ်စက်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ဗြိတိန်တော်ဝင် အစိုးရ ရှေ့နေအဖွဲ့မှ ဗစ်ဂေါ့ဒက်က လူငယ်ပိုင်းတွင် လူမျိုးရေး ခွဲခြားမှုကို အတုခိုး မှား လာမည် ကို စိုးရိမ်မိကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါလူငယ်၏ အမည်နှင့် နေရပ် လိပ်စာတို့အား ဥပဒေကြောင်း အရ ထုတ်ဖော် ကြေညာခဲ့ခြင်း မရှိဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here