အန်ဒဲဗား လွန်းပျံယာဉ် ညပိုင်းတွင် ပြန်လည် ဆင်းသက်လာခဲ့

alt

အန်ဒဲဗား လွန်းပျံယာဉ် သည် ဖေဖော်ဝါရီလ (၂၁)ရက် နေ့က ရှားရှားပါးပါး အဖြစ် ညပိုင်း အချိန်တွင် ဆင်းသက် လာခဲ့ကြောင်း သိရှိ ရသည်။

သာမန်အားဖြင့် အာကာသ လွန်းပျံယာဉ် များ သည် နေ့ပိုင်းတွင်သာ ဆင်းသက်လေ့ရှိပြီး ယခု ခရီးစဉ်တွင် ချောမွေ့ အောင်မြင်မှု အပြည့် ရှိကြောင်း NASA ကဆိုသည်။

လွန်းပျံယာဉ်သည် ကမ္ဘာပတ်လမ်း အတွင်းရှိ နိုင်ငံတကာ အာကာကစခန်း (ISS) ကို ပြင် ဆင်မှုများ ပြုလုပ်ရန် သွားရောက်ခဲ့ခြင်း ဖြစ် သည်။ အာကာသယာဉ် ညပိုင်း ဆင်းသက်ချိန်တွင် ဖလော်ရီဒါရှိ ကိပ်ကာနီဗယ်လ် မှ အဆင်း ပြေးလမ်းတွင် လမ်းကြောင်းပြ မီးများ ထွန်းညှိ ပေးထားခဲ့သည်။

မိမိတို့အနေနှင့် ချောမွေ့စွာ ပြန်ရောက် လာသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခု ခရီးစဉ်သည် ကြီးမားသော စွန့်စားခန်း တခု ဖြစ်ခဲ့ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။ ယခု ခရီးစဉ် အတွင်း အာကာသ ယာဉ်သည် ကမ္ဘာပတ်လမ်းတွင် နှစ်ပါတ်ကြာ ရှိနေခဲ့ပြီး ISS မှ အခန်းသစ် တခုနှင့် ပြူတင်းပေါက်များ အပါအဝင် ကိရိယာသစ်များကို တပ်ဆင်နိုင်ခဲ့သည်။

NASA သည် ကမ္ဘာပတ်လမ်း အတွင်း လွန်းပျံယာဉ် လွှတ်တင်မှု အကြိမ်ပေါင်း (၁၃၀) ပြုလုပ်ခဲ့ရာ ယခု တကြိမ်နှင့် မှ အမှောင်ထုထဲ ဆင်းသက်သည်မှာ (၂၃)ကြိမ်သာ ရှိသေး ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here