ဝင်ငွေ အကောင်းဆုံး ဇာတ်ကား ဖြစ်လာသည့် Shutter Island

alt

ပြီးခဲ့သည့် သီတင်းပါတ်က စတင် ရုံတင်ပြီး နောက် Shutter Island သည် မြောက် အမေရိကတိုက်တွင် ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်စာရင်း Box Office တွင် ထိပ်ဆုံး နေရာသို့ ချက်ချင်းရောက်ရှိ နေခဲ့ပြီဖြစ် သည်။

ပါရာမောင့်မှ ရုပ်ရှင် ထုတ်လုပ်ရေးမှ တာဝန် ယူထားသော ဇာတ်ကားသည် ရုံတင်ပြသပြီး နှစ်ရက်အတွင်း ဒေါ်လာ (၄၀.၂)သန်း အထိ ဝင်ငွေရကာ ထိပ်ဆုံးနေရာမှ Valentine’s Day ကို ကျော်ဖြတ် နိုင်ခဲ့ သည်။

နာမည်ကြီး မင်းသား လီယိုနာဒို ဒီကာပရီယို ပါဝင် သရုပ်ဆောင် ထားသည့် Shutter Island သည် ၁၉၅၀ ပြည့်လွန် နှစ်များ အတွင်း ကျွန်းတကျွန်းပေါ်ရှိ ဆေးရုံမှ လူနာ များ ထူးဆန်းစွာ ပျောက်ဆုံး သွားမှုကို စိတ်ကူးပုံဖော်ပြီး ဒါရိုက်တာ မာတင်စကိုဆက် က လက်စွမ်းပြ ရိုက်ကူးထားခြင်း ဖြစ်သည်။

Shutter Island ကို ရိုက်ကူးစဉ်က ဒေါ်လာ (၇၅)သန်း ကုန်ကျခဲ့သော်လည်း တာထွက် ကောင်းနေသည့် အတွက် ပါရာမောင့် ကုမ္ပဏီ အနေနှင့် ကျေနပ်လျက် ရှိနေသည်။ နာမည်ကျော် သရုပ်ဆောင် အမြောက်အမြား ပါဝင်ထားသည့် Valentine’s Day ကမူ Box Office ၏ ဒုတိယ နေရာတွင် ရပ်တည်နေဆဲ ဖြစ်သည်။

ထို့အပြင် (၂၀၀၉)ခုနှစ် အကယ်ဒမီဆု အတွက် ရေပန်းစားနေသည့် Avatar ကလည်း တတိယ နေရာမှ မဆင်းနိုင် သေးပဲ အောင်ပွဲခံလျှက် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here