နေ့လည်ခင်း ခဏတာ အိပ်စက်ခြင်းက ကျန်းမာရေး အတွက် အထောက် အကူပြု

alt

နေ့လည် နေ့ခင်းတွင် ခဏတဖြုတ် မှေးစက် အနားယူ ခြင်းသည် ကျန်းမာရေး အတွက် အထောက် အကူပြုကြောင်း အမေရိကန် သုတေသီ များက ထောက်ခံခဲ့ ကြသည်။

မိနစ်(၉၀)မျှ နေ့လယ်ပိုင်းတွင် အနားယူ အိပ်စက်ခြင်းသည် ဦးနှောက်၏ သင်ယူနိုင်မှု စွမ်းရည်ကို တိုးတက် စေနိုင်ကြောင်း သိရှိရ သည်။ ကယ်လီဖိုးနီးယား ရှိ ဘာကလေ တက္ကသိုလ်မှ ပညာရှင်များသည် ကျန်းမာ သန် စွမ်းသော အရွယ်ရောက်ပြီးသူ (၃၉)ဦးအား လေ့လာ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ယခုလို ကြေ ညာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အိပ်စက်ခြင်းနှင့် မှတ်ဉာဏ် တိုးတက်မှုကြား ဆက်စပ်မှုကို သိပ္ပံပညာရှင် များက စူးစမ်းခဲ့ကြပြီး ယခု ရလဒ်အား ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ တရေးတမော အိပ်စက် ထားသူ များ၏ ဦးနှောက် စွမ်းရည်ကို လျှပ်စစ်လှိုင်းများဖြင့် တိုင်းတာ ပုံဖော်ခဲ့ကြရာ အိပ်စက်ပြီး နိုးထစတွင် လှုံ့ဆော်မှု တိုးတက်အား ကောင်းနေကြောင်း သိရှိရသည်။

ထို့အပြင် မအိပ်ဘဲ သာမန် မှေးစက်ခြင်း၊ နိုးတဝက် အိပ်စက်နေခြင်း တို့ထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ အနားယူထားသည့် ပုဂ္ဂိုလ်များ၏ ဦးနှောက်က ပိုမို နိုးကြားနေသည် ဟုလည်း ဆိုသည်။

ယခု လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဒေါက်တာ မက်သရူးဝေါ့ကာ က အိပ်စက်ခြင်းသည် လူတဦး၏ နိုးကြားခြင်းအား အထောက်အကူ ပြုရုံမျှမကဘဲ အာရုံကြော များကိုလည်း လှုံ့ဆော် ပေးနိုင်ကြောင်း၊ နေ့လယ်နေ့ခင်း အချိန်များ တွင်လည်း အလွန်အကျွံ မဟုတ်သော အတိုင်းအတာမျှ အချိန်ယူ အိပ်စက်သင့်ကြောင်း ဆန်ဒီယေးဂိုးတွင် ကျင်းပ သည့် AAAS အစည်းအဝေးတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here