မာဒီယာကျွန်း ရေကြီး မြေပြိုမှုအတွက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်နေ့ သတ်မှတ်

alt

ပေါ်တူဂီ အစိုးရသည် မာဒီယာကျွန်းတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှု၊ မြေပြိုမှုများ အတွင်း လူ(၄၂)ဦးထက် မနည်း သေဆုံးခဲ့သည့် ကိစ္စအတွက် အမျိုးသား ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်နေ့ သတ်မှတ်ရန် ပြင် ဆင်နေကြောင်း သိရှိရသည်။

အာဖရိကတိုက် အနောက် မြောက်ပိုင်းရှိ ပေါ်တူဂီပိုင် မာဒီယာကျွန်းသည် ကမ္ဘာသိ ထင်ရှားသည့် အပမ်း ဖြေ ကျွန်းကလေးဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်လေ့ရှိသော ထင်ရှားသည့် နေရာ တခုလည်း ဖြစ်သည်။

ဖေဖော်ဝါရီလ (၂၀)ရက် နေ့ညက ကျွန်းကိုဦးတည်ပြီး မုန်တိုင်းတခု ဝင်ရောက် တိုက်ခတ်ခဲ့ရာ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူရာနှင့်ချီ ဒဏ်ရာများ ရရှိခဲ့သည်။ ကျွန်းတခုလုံး အပျက်အစီးများ၊ ဇောက်ထိုးမိုးမျှော် တိမ်းမှောက်နေသည့် မော်တော်ကား များ နှင့် ပြည့်နှက်နေပြီး နေရာတိုင်း လိုလိုတွင် ရွှံ့များ ဖုံးအုပ်နေကြောင်း သိရှိရသည်။

ယခုအခါ ရှင်းလင်းမှုများ စတင် ပြုလုပ်နေပြီ ဖြစ်ပြီး ပေါ်တူဂီမှ ဆရာဝန်နှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်သား များသည်လည်း မာဒီယာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပေါ်တူဂီ အစိုးရသည် ယခု ဖြစ်ရပ်ကြောင့် တမျိုးသားလုံးနှင့် သက်ဆိုင်သည့် ကြေကွဲ ဝမ်းနည်းမှု အထိမ်းအမှတ် နေ့များအဖြစ် (၃)ရက်ကြာ သတ်မှတ်ဖွယ် ရှိနေသည်။ တာဝန်ရှိသူ များက မာဒီယာရှိ ဖန်ချယ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများအတွက် အရေးပေါ် ကက်ဘိနက် အစည်းအဝေး ကျင်းပပြီးနောက် ယခု ဆုံးဖြတ်ချက်ကို အတည်ပြုပြီး ဖြစ်ကြောင်း ဝန်ခံ ခဲ့သည်။

ပေါ်တူဂီ ဝန်ကြီးချုပ် ဟိုဆေး ဆိုကရက်တီးသည် ဖေဖော်ဝါရီလ (၂၁)ရက် နေ့က မာဒီယာသို့ ရောက်ရှိလာပြီး ကျွန်း၏ အခြေအနေ အတွက် အလွန် တုန်လှုပ်သွားမိကြောင်း ဝန်ခံ ခဲ့သည်။ ရွှံ့နံရံများ ပြိုကျမှုကြောင့် အနည်းဆုံးလူ (၂၅၀)ခန့်မှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here