ဂျာမနီတွင် လေကြောင်းလိုင်း လုဖ်သန်ဇာ သပိတ်မောက်မှု ဖြစ်ပွား

alt

ဂျာမနီနိုင်ငံမှ လုဖ်သန်ဇာ လေကြောင်းလိုင်းရှိ ပိုင်းလော့များ စုပေါင်း သပိတ်မှောက်မှုကြောင့် လေ ကြောင်းလိုင်း တာဝန်ရှိသူများ ပြဿနာ ကြံုတွေ့နေရကြောင်း သိရှိရသည်။ ပိုင်းလော့များသည်

ဖေဖော်ဝါရီလ (၂၂)ရက်နေ့ မှစပြီး (၄)ရက် လုံးလုံး လေယာဉ် မမောင်းဘဲ စုပေါင်း သပိတ်မှောက်ကြမည် ဖြစ်သည်။

လုဖ်သန်ဇာ ကုမ္ပဏီသည် လုပ်ခ လစာသက်သာသည့် နိုင်ငံရပ်ခြားမှ ပိုင်းလော့များကို အစားထိုး ခန့်အပ် ရန် ကြံစည်နေကြောင်း သတင်းများ ထွက်လာပြီးနောက် ယခုလို ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း ဖြစ် သည်။

လုဖ်သန်ဇာသည် ဂျာမနီ၏ အကြီးဆုံး လေကြောင်းလိုင်းဖြစ်ပြီး ပိုင်းလော့များ လေယာဉ် မမောင်းမှု ကြောင့် ခရီးစဉ်များ ဖျက်သိမ်းရပါက တနေ့လျှင် ယူရို (၂၅)သန်းမျှ နစ်နာရဖွယ် ရှိနေသည်။ ထို့အပြင် လုဖ်သန်ဇာ လေကြောင်းလိုင်း လက်မှတ် ဝယ်ယူထားသူ ခရီးသည် ထောင်ပေါင်းများစွာ တို့မှာလည်း လိုရာ ခရီး မသွားနိုင်ဘဲ အခက်ကြံု နေရသည်။

သပိတ်မှောက် ဆန္ဒပြမှုတွင် လုဖ်သန်ဇာမှ ပိုင်းလော့များ အပြင် ၎င်း၏ လက်အောက်ခံ လေကြောင်းကုန်စည် သယ်ယူရေး ဝန်ဆောင်မှုလုပ်ငန်း ဂျာမန်ဝင်းမှ ပိုင်းလော့များပါ ပါဝင်ကြကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here