အက်ဘာဇီးယား နိုင်ငံတွင် စစ် အခြေစိုက် စခန်း ထူထောင် သွားရန် ရုရှားစီစဉ်

alt

ဂျော်ဂျီယာမှ ခွဲထွက်လာသည့် အက်ဘာဇီးယား သမ္မတ နိုင်ငံတွင် စစ် အခြေစိုက်စခန်း ထူထောင် သွားရန် ရုရှားက စီစဉ်နေပြီ ဖြစ် သည်။

(၂၀၀၈) ခုနှစ်၊ ဩဂုတ်လ အတွင်းက ခွဲထွက် ရေး ကြိုးပမ်းသည့် အက်ဘာဇီးယား နှင့် တောင် ပိုင်း အော့ဆက်တီးယား တို့အား ဂျော်ဂျီယာ နိုင်ငံက တိုက်ခိုက်နေစဉ် ရုရှားက ဂျော်ဂျီယာ အပေါ် စစ်ပွဲတခု ဆင်နွှဲခဲ့ပြီးနောက် ပြည်နယ် နှစ်ခုအား လွတ်လပ်ရေး ကြေညာပေးခဲ့သည်။

ယခုအခါ ၎င်းတို့ ကျောထောက်နောက်ခံ ပြု ထားသည့် အက်ဘာဇီးယား သမ္မတ ဆာဂျီဘာဂက် က ရုရှား နှင့် ကြည်း၊ရေ၊လေ ပူးပေါင်း ဆောင်ရွက်မည့် စစ်စခန်း တခု နိုင်ငံအတွင်း တည်ဆောက်ခွင့် ပေးရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ယင်းစာချုပ်သည် (၄၉)နှစ် အကြာအထိ သက်တမ်း ရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် (၁၅)နှစ် တကြိမ် အလိုအ လျောက် သက်တမ်း တိုးရန်လည်း သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။ စစ်အခြေစိုက် စခန်းသည် နိုင်ငံတကာ အကြမ်းဖက် တပ်ဖွဲ့များ အပါအဝင် နိုင်ငံအား အန္တရာယ်ပြု လာနိုင်သည့် အခြေအနေတိုင်း အပေါ် အကာအကွယ် ပေးရန် ဒီဇိုင်း ရေးဆွဲထားကြောင်း သိရှိရသည်။

ရုရှားနှင့် အက်ဘာဇီးယား တို့သည် ကာကွယ်ရေးနှင့် စီးပွားရေး ကဏ္ဍများ တွင်လည်း ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။ ဂျော်ဂျီယာ ကမူ အက်ဘာဇီးယား တွင် ရုရှား စစ်အခြေစိုက် စခန်း တည်ဆောက်မည့် ကိစ္စအား ကန့်ကွက်ထားပြီး ဖြစ်သည်။ အသစ် တည်ဆောက်မည့် စစ်စခန်းတွင် ရုရှား စစ်သည် (၃၇၀၀)မျှ တပ်စွဲ နေထိုင်ဖွယ် ရှိပြီး ယင်း စစ်စခန်းကြောင့် ကော့ကေးရှတ် နှင့် ပင်လယ်နက် ဒေသတွင် ရုရှား၏ ရေတပ်လွှမ်းမိုးမှု အင်အားကို တိုးချဲ့ လာနိုင်ဖွယ်ရှိပြီး ရိုမေးနီးယား နှင့် ဘူဂေးရီးယားရှိ အမေရိကန် ရေတပ် စခန်းများ ကိုပါ ယှဉ်ပြိုင် လာနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here