မလေးရှား နိုင်ငံတွင် လိင်ဖေါက်ပြန်သူ အမျိုးသမီး များအား ပထမဆုံး အကြိမ်အဖြစ် ကြိမ်ဒဏ်ချမှတ်

alt

မလေးရှား နိုင်ငံသည် ပြဌာန်း ထားသည့် မွတ်ဆလင် ဥပဒေအရ အမျိုးသမီး များအား ပထမဆုံး အကြိမ်အဖြစ် ကြိမ်ဒဏ် ချမှတ် လိုက်ကြောင်း သိရှိရသည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုဖြင့် စွဲချက်တင်ခံ ရသည့် မွတ်ဆလင် ဘာသာဝင် အမျိုးသမီး (၃)ဦးအား ကြိမ်ဒဏ် ချမှတ်ခြင်းသည် မွတ်ဆ လင် ဘာသာဝင်များ အတွက် သီးသန့် ဥပဒေ များ ပြဌာန်းထားသည့် မလေးရှား အတွက် ပထမဆုံး အကြိမ် ဥပဒေသစ်ကို ကျင့် သုံးလိုက် ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လ ကလည်း မလေးရှား မွတ်ဆလင် အမျိုးသမီးတဦး ဘီယာ သောက်ခဲ့သည့် အတွက် ကြိမ် ဒဏ်ချမှတ် ခဲ့သေးသော်လည်း ဝေဖန်မှုများ အပြင်းအထန် ပေါ်ပေါက် လာပြီးနောက် ပြစ်ဒဏ်ကို ယခု အချိန် အထိ အမှုကို တရားဝင် မချမှတ်ဘဲ ဆိုင်းငံ့ ထားခဲ့ရသည်။

ပြည်ထဲရေး ဝန်ကြီး ဟစ်ရှမူဒင် ဟူစိန်က ယခုကဲ့သို့ ပထမဆုံး အဖြစ် ကြိမ်ဒဏ် ချမှတ်ခံရသော အမျိုး သမီး (၃)ဦး၏ အဖြစ်ကို မလေးရှား ပြည်သူအားလုံး သင်ခန်းစာ ယူစေလိုကြောင်း ပြောကြားခဲ့သည်။ ထို အမျိုးသမီး များသည် ကာလတို ထောင်ဒဏ် တရက်ကိုလည်း ချမှတ် ခံရဦးမည် ဖြစ်သည်။

ယခင်က လူ အများအနေနှင့် အမျိုးသမီးများကို ကြိမ်ဒဏ် ချမှတ်မည်ဆိုသော လက်သင့် မခံနိုင်စရာ ဖြစ်ခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါတွင် ဘာသာရေး အရ အပြစ်ရှိသော လိင် ဖောက်ပြန်မှု များအတွက် ဥပဒေသစ်ကို အတည်ပြု လိုက်ပြီဖြစ်ကြောင်း ဟူစိန်က ဖေဖော်ဝါရီလ (၁၉)ရက် နေ့တွင် ကြေညာလိုက်သည်။ သတင်းများ၏ အဆိုအရ ကြိမ်ဒဏ် ချမှတ်ခံရသော အမျိုးသမီး များသည် ပြစ်ဒဏ်ကို ကန့်ကွက်မှု မရှိဘဲ လက်သင့်ခံ ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here