သမိုင်း မတင်မီက ဧရာမ ငါးကြီးတမျိုး ပညာရှင်များ ရုပ်လုံးဖော်နိုင်ခဲ့

alt

သမိုင်း မတင်မီက ကမ္ဘာ့ သမုဒ္ဒရာ များတွင် ကြီးစိုး နေထိုင်ခဲ့သည့် ဧရာမ ငါးကြီး တမျိုးအား ပညာရှင် များက ရုပ်လုံးဖော်နိုင် ခဲ့ကြပြီ ဖြစ်သည်။

ဂလက်စဂို၊ အော့စဖို့တ် နှင့် အမေရိကန် ပြည်ထောင်စုမှ သိပ္ပံပညာရှင် များသည် ၎င်းတို့ စုဆောင်း ရရှိထားသော ရုပ်ကြွင်း သက်သေ များကို စုစည်းကာ လွန်ခဲ့သော နှစ်ပေါင်း (၆၆)သန်းမှ (၁၇၂)သန်း အတွင်း ရှင်သန်ခဲ့ သည့် ရေညှိနှင့် ပိုးမွှားများကို စားသောက်သော ငါးကြီးများအား ပုံဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

ယခုလို အောင်မြင်မှုသည် ငါးများ၊ နို့တိုက် သတ္တဝါများနှင့် သမုဒ္ဒရာဗေဒ ဆက်စပ်မှုကို လေ့လာရာတွင် များစွာ အကျိုးရှိမည်ဟု ယုံကြည်ကြောင်း ရှီကာဂိုရှိ ဒီပေါလ် တက္ကသိုလ်၊ စကော့တလန်ရှိ ဂလက်စကို တက္ကသိုလ်၊ ဗြိတိန်ရှိ အော့စဖို့တ် တက္ကသိုလ်နှင့် ကင်းန်ဆတ် တက္ကသိုလ်တို့မှ သုတေသီများက ထုတ်ဖေါ် ကြေညာ ပြောကြားခဲ့ခြင်း ဖြစ် သည်။

စကော့တလန်တွင် ဂျူရာဆစ် ကာလကဟု ယူဆရသည့် ဧရာမ ငါးကြီးတကောင်၏ ရုပ်ကြွင်း အပိုင်းအစ များကို တွေ့ရှိ ရပြီးနောက် ယခု လေ့လာမှုကို နိုင်ငံတကာ သုတေသီများ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုပညာရှင် များ အဖွဲ့သည် အရှည် (၄)မီတာမှ (၅)မီတာ အထိရှိပြီး ယနေ့ခေတ် သားစား ငါးမန်းဖြူများ အရွယ်မျှ ကြီးထွား သည့် အဆိုပါ ငါးကြီးအား ရုပ်ကြွင်း ရှာဖွေတွေ့ရှိသည့် ကင်းန်ဆတ် မိသားစု၏ ဆန္ဒအတိုင်း Bonnerichthys ဟု အမည်မှည့်ခေါ် ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here