လာဇီယို တိုက်စစ်မှူးအား ခေါ်ယူရန် အာဆင်နယ်နှင့် လီဗာပူးတို့ အပြိုင် ကြိုးပမ်း

alt

အာဆင်နယ် နှင့် လီဗာပူး တို့သည် လာဇီယိုမှ တိုက်စစ်မှူး မော်ရို ဇာရက်တီ အား ရရှိရေး အတွက် အပြိုင်အဆိုင် ဖြစ်နေကြောင်း သိရှိ ရသည်။

အာဂျင်တီးနား လက်ရွေးစင် ရှေ့တန်းလူသည် အီတလီ စီးရီးအေ တွင်ရုန်းကန် နေရသော ရောမမြို့ခံ ကလပ်အသင်းအား စွန့်ခွာရန် ပြင် ဆင်လျှက် ရှိနေရာ အင်္ဂလန်ထိပ်သီး နှစ်သင်း လုံးက စိတ်ဝင်စား နေခြင်းဖြစ်သည်။

ပေါင်စတာလင် (၁၅)သန်းခန့် တန်ကြေးရှိ သော အသက်(၂၂)နှစ် အရွယ် ဇာရက်တီကို အီ တလီ ချန်ပီယံ အင်တာမီလန် ကလည်း ခေါ်ယူ နိုင်ရန် ကြိုးပမ်းနေသည်ကို သိရှိရသည်။ လာဇီယို သည် စာချုပ်ပါ အားနည်း ချက်များကို အခွင့်ကောင်းယူ ခြိမ်းခြောက် ခဲ့ဖူးသည့် ဂိုရန်ပန်ဒက်၏ ဖြစ်ရပ် ကို သင်ခန်းစာယူကာ ဇာရက်တီ အား ဈေးကောင်း ရချိန်တွင် ရောင်းထုတ်ရန် စဉ်းစားလျှက် ရှိနေပြီ ဖြစ်သည်။

လာဇီယိုနည်းပြ အက်ဒီရာဂျာ ကမူ ဇာရက်တီ အနေနှင့် အသင်းတွင် ဆက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြော ကြား ခဲ့သည်။ ဇာရက်တီသည် အီတလီ ကလပ်အတွက် ဂိုးပေါင်း(၃၀) အထိ သွင်းယူ ပေးထားပြီး ပုံမှန် ပွဲထွက် ကစား သမား အဖြစ် ရပ်တည်လျှက် ရှိသည်။ ဇာရက်တီအား ခေါ်ယူနိုင်ရန် မန်ချက်စတာ စီးတီး ကလည်း စုံစမ်းမှုများ ပြုလုပ် လျှက်ရှိကြောင်း လန်ဒန် အာကစား ရပ်ကွက်မှ သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here