အီရတ် နိုင်ငံတွင် ကား ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြန်

alt

အီရတ် နိုင်ငံတွင် အစိုးရ အဆောက်အအုံ တခုအား ဦးတည် တိုက်ခိုက်သည့် ကားဗုံး ပေါက်ကွဲမှုကြောင့် လူ (၁၃)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ (၁၈)ရက် နေ့က အမ်ဘာ ခရိုင်မြို့တော် ရာမာဒီ

မြို့လယ်ရှိ အစိုးရရုံး တခု၊ ရဲတပ်ဖွဲ့ စခန်းများနှင့် တရားရုံးများ စုဆုံသော နေရာအနီး ကားဗုံးကို အဝေးမှ ဗုံးခွဲခဲ့ခြင်း ဖြစ်သည်။

ရာမာဒီသည် အယ်လ်ကိုင်းဒါး တို့က ထောက်ခံသည့် ဆွန်နီ လူမျိုးများ လှုပ်ရှားနေသော ဒေသတခု ဖြစ်ပြီး လုံခြံုရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရ အမှုထမ်းများအား တိုက်ခိုက်မှုမှာ တစထက် တစ မြင့်တက် လာနေခဲ့ပြီ ဖြစ်သည်။ ယခု ပေါက်ကွဲမှု အတွင်း နောက်ထပ် လူ(၂၆)ဦးထက် မနည်း ဒဏ်ရာများ ရရှိသွားကြောင်း လည်း ဒေသဆိုင်ရာ ကျန်းမာရေးဌာန တာဝန်ရှိသူ ဒေါက်တာ ခက်ဒါဟယ်ခါလက် က ပြောကြားခဲ့သည်။

ကားဗုံး ပေါက်ကွဲပြီးနောက် ယင်းနေရာ အနီးတဝိုက်တွင် အပျက်အစီးများ၊ မီးခိုးလုံးများနှင့် သွေးစွန်းနေ သော ပလက်ဖောင်း များကိုသာ မြင်တွေ့ ရတော့ကြောင်း မျက်မြင်များက ဆိုသည်။ ပေါက်ကွဲမှု အရှိန် ကြောင့် ကိုယ်ပိုင်ကား (၂)စင်း၊ ရဲကား (၁)စင်း တို့အပြင် အနီးရှိ စားသောက်ဆိုင် တခုပါ ထိခိုက် ပျက်စီးခဲ့သေးကြောင်း သိရှိရသည်။

အမ်ဘာ ခရိုင်တွင် အမေရိကန် တပ်များ သိမ်းပိုက် ထားစဉ်ကလည်း အပြင်းထန်ဆုံး ချံုခို တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရာမာဒီနှင့် ဖော်လူဂျာ မြို့များ ပါဝင်နေသည်။ အမေရိကန်တွင် သမ္မတ ဘာရက် အိုဘားမား အာဏာ ရလာပြီးနောက် အီရတ်မှ အမေရိကန် တပ်များကို ပြန်လည် ရုတ်သိမ်း လာသည့်တိုင် လူမျိုးရေး မုန်းတီးမှုများကြောင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here