နီခိုးလ်ကစ်မင်း ဇနီးမောင်နှံ ဟေတီ ငလျင် ဒုက္ခသည် ကလေးများ အတွက် ကျောင်းရံပုံငွေ ထူထောင်မည်

alt

ကိတ်အာဘင် နှင့် နီခိုးလ်ကစ်မင်း တို့ ဇနီးမောင်နှံသည် ဟေတီရှိ ငလျင်ဘေးသင့် ကလေးများ အတွက် ကျောင်းတခု ဆောက်လုပ် ရန် ရံပုံငွေ ထူထောင် ပေးသွား မည် ဖြစ်သည်။

နီခိုးလ်တို့ စုံတွဲသည် တနှစ်လျှင် ဒေါ်လာ (၅၀၀၀၀) ဖြင့် (၂၀၁၅)ခုနှစ် အထိ ကျောင်း သား / သူ လေးများ စာသင်နိုင်ရန် ရံပုံငွေ တည်ထောင် ပေးထားသော ပင်နီလုပ်ခရုစ် နှင့် ဂျာဗီးယား ဘာဒန် တို့၏ လမ်းစဉ်အတိုင်း လိုက်လံ ကျင့်သုံး ခြင်း ဖြစ်သည်။

အော်စကာဆုရှင် နီခိုးလ်တို့ ဇနီးမောင်နှံသည် လာမည့် (၅)နှစ် အထိ ကလေးများအား စာသင်ကြားခြင်း အပြင် အစားအသောက်နှင့် ပုံမှန် ဆေးစစ်မှုများ ထောက်ပံ့ပေးမည့် ကျောင်း တခု တည်ဆောက်ပေးရန် စီစဉ်နေခြင်း ဖြစ် သည်။

အာဘင်က နောက်ထပ် (၅)နှစ် အထိ ပုံမှန် ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ကျောင်းရှိကလေး များသည် တနေ့ လျှင် ပူနွေးလတ်ဆတ်သော အစားတနပ်ကို ရရှိမည်ဖြစ်ပြီး လိုအပ်ပါက ဆေးစစ်ကုသမှုများ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။ ကိုလံဘီယာ အဆိုတော် လက်တင်ဘုရင်မ ရှာကီးရာ သည်လည်း ဟေတီ ကလေးငယ်များ အတွက် ပညာရေးကဏ္ဍတွင် တဖက်တလမ်းမှ ပူးပေါင်းကူညီရန် ကတိပြုထား သည်။

ဟောလီးဝုဒ်နှင့် ဂီတနယ်ပယ်မှ နာမည်ကျော် ပုဂ္ဂိုလ် မြောက်မြားစွာ တို့သည်လည်း ဟေတီတွင် ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ရာ သဘာဝ ဘေးဆိုးကြီး ကြံုတွေ့ခဲ့သည့် ဒုက္ခသည်များအား ကူညီ ထောက်ပံ့နိုင်ရန် ရံပုံငွေများ နည်းလမ်း မျိုးစုံဖြင့် ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here