မြန်မာရှုံးသော်လဲ ဘင်္ဂလားဒေ့ရှ် ကြောင့် ဆီမီးဖိုင်နယ် တက်သွားခဲ့

alt

သိရိလင်္ကာ နိုင်ငံတွင် AFC Challenge Cup ယှဉ်ပြိုင်နေသော မြန်မာ့ လက်ရွေးစင် အသင်းသည် အုပ်စုပတ်လည် နောက်ဆုံး ပွဲစဉ် အဖြစ် တာဂျစ်ကစ္စတန် အသင်းကို (၃-၀)ဂိုး ဖြင့် ရှုံး နိမ့်ခဲ့ကြောင်း သိရှိရသည်။

ယခင်တွက်ဆ ပြီးထားသည့် အတိုင်း မြန်မာ အသင်းသည် သရေကျရုံဖြင့် အုပ်စု ပထမရမည် ဖြစ်သော်လည်း ယနေ့ ဂိုးပြတ် ရှုံးရသဖြင့် အုပ်စု ဒုတိယသာ ရရှိပြီး ကံကောင်း ထောက်မ စွာ ဘင်္ဂလားဒေ့ရှ် အသင်း သည် အိမ်ရှင် သီရိလင်္ကာကို (၃-၀)ဂိုးဖြင့် ရှုံးနိမ့် သဖြင့် မြန်မာ အသင်းသည် ဆီမီးဖိုင်နယ်သို့ တက်လာခဲ့ ခြင်းလည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် သာ အနိုင် ရရှိခဲ့ပါက AFC စည်းမျည်းများ အရ ၁ဂိုးထက် ပို၍ရှုံးနိမ့် သဖြင့် မြန်မာအသင်း အုပ်စု ပတ်လည်ကပင် ထွက်ခွာ ရမည် ဖြစ်သည်။ တာဂျစ်ကစ္စတန် အသင်းအတွက် ဂိုးများကို ပွဲချိန် ၃၆ မိနစ် ၊ ၅၃ မိနစ် နှင့် ၈၉ မိနစ် တို့တွင် သွင်းယူသွားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် အုပ်စု(ခ) နောက်ဆုံး ပွဲစဉ်များ ကစားအပြီး မြန်မာအသင်းသည် အုပ်စု(ခ) ဗိုလ် ဖြစ်နိုင်ချေရှိသော မြောက်ကိုရီးယားနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဆက်လက် ကစားကြမည် ဖြစ်သည်။ AFC Challenge Cup ပြိုင်ပွဲတွင် ဗိုလ်စွဲသော အသင်းသည် လာမည့် ၂၀၁၁ အာရှ ဖလား ပြိုင်ပွဲသို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here