မြန်မာ ဆွိုင်းဖလူ အခြေအနေ သတင်း ထုတ်ပြန်ထား

alt

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသော လူတုပ်ကွေး ကပ် ရောဂါ { New influenza A(H1N1) } အား ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် နှင့် ရန်ကုန်တိုင်း အတွင်း

မြို့နယ်များ ဖြစ်သော ဗဟန်း၊ တာမွေ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် မြောက်ပိုင်း၊ ရွှေပြည်သာ၊ လှိုင်သာယာ နှင့် မှော်ဘီတို့တွင် ဆွိုင်းဖလူ ရောဂါပိုးများ ပြန့်ပွား ဖြစ်ပွားနေကြောင်း မြန်မာ စစ်အစိုးရ သတင်း မီဒီယာများတွင် ယမန်နေ့က ကြေညာ လိုက်သည်။

ယခင်နှစ် ၂၀၀၉ ခုနှစ်တွင် A(H1N1) ရောဂါလက္ခဏာ တွေ့ရှိရသူ ၆၉ဦး ရှိခဲ့ပြီး ယခု ၂၀၁၀ ခုနှစ် ဇန္နဝါရီ လမှ စ၍ A(H1N1) ပိုး တွေ့ရှိရသူ ၅၆ဦး တွေ့ရှိရပြီ ဖြစ်သည်။

ယင်း A(H1N1) ရောဂါ သံသယ ဖြစ်ပွားသူ ၁၀၀ တွေ့ရှိရပြီး ၂၄ ဦး ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ကျန် သူများမှာ ဆေးကုသမှု သက်တမ်း ကြပ်မတ်ကာလ မပြည့်ဝ သေးသဖြင့် ဆက်လက် ကုသမှု ခံယူနေဆဲ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here