အနောက် အာဖရိက နိုင်ငံတခုဖြစ်သော နိုက်ဂျာ နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွား

alt

နိုက်ဂျာတွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက် သမ္မတကို ဖမ်းဆီးထား လိုက်ပြီ ဖြစ်သည်။ မြို့တော် နိုင်ယာမီတွင် ဖြစ်ပွားသော

အာဏာသိမ်းမှု အတွင်း အပြန် အလှန် ပစ်ခတ်မှုများ ပေါ်ပေါက် လာခဲ့ပြီး သမ္မတ မာမာဒူတန်ဂျာ မှာ စစ်တန်းလျားတွင် အဖမ်း ခံထားရပြီဟု ယုံကြည်ရကြောင်း သတင်း များက ဆိုသည်။

အာဖရိကတိုက်ရှိ ယူရေနီယမ် ကြွယ်ဝစွာ ထွက်ရှိသော နိုင်ငံအတွင်း လက်ရှိအချိန်တွင် ဒီမိုကရေစီ ထိန်းသိမ်းရေး အထူးကောင်စီ (CSRD) ဟု အမည် ပေးထားသော နိုင်ငံရေးပါတီက အာဏာကို ချုပ်ကိုင် ထားလိုက်သည်။ မြို့တော်မှ ထွက်ပေါ်လာသည့် သတင်းများ အရ ဖေဖော်ဝါရီလ (၁၉)ရက် နေ့ အာဏာသိမ်းမှု အပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါ အဖမ်းခံထားရကြောင်း သိရှိရသည်။

ရုပ်မြင်သံကြားတွင် အာဏာသိမ်း တပ်ဖွဲ့ကို ဦးဆောင်သူများသည် စစ်သား အမြောက်အမြား ခြံ ရံကာ စစ်တပ် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး နိုင်ငံအာဏာကို CSRD က ထိန်းသိမ်းထားကြောင်း၊ နိုင်ငံ၏ အခြေအနေသည် အေးချမ်း တည်ငြိမ်လျက်ရှိပြီး ယခု စစ်ဆင် ရေးသည် ဒီမိုကရေစီ နည်းလမ်းကျသော ကောင်းမွန်သည့် အစိုးရသစ်ကို ထူထောင်ရန်ဖြစ်ကြောင်း ပြောကြားသွားသည်။ ယခုအခါ နိုက်ဂျာနိုင်ငံ၏ နယ်စပ်ဒေသများကို ပိတ်ထားသလို မြို့တော်နှင့် နေရာ အတော်များများတွင် ညမထွက်ရ အမိန့် ထုတ်ထားလိုက်ပြီ ဖြစ်သည်။

သမ္မတ တန်ဂျာသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လက ၎င်းအတွက် တတိယ အကြိမ်မြောက် ရွေးကောက်ခံခွင့် ရှိစေရန် တိုင်းပြည်၏ အခြေခံ ဥပဒေကို အတင်းအကြပ် ပြောင်းလဲ စေခဲ့သည့် အတွက် ဝေဖန်မှုများ အပြင်းအထန် ခံခဲ့ရသူဖြစ်သည်။ မျက်မြင်များ၏ အဆိုအရ အာဏာသိမ်းသည့် တိုက်ပွဲများအတွင်း ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ ခေါ် သွားကြောင်း သိရှိရသည်။ စစ်သားများသည် သမ္မတ၏ အပါတ်စဉ် လွှတ်တော် အစည်းအဝေးတွင် ဝင်ရောက် စီးနင်းကာ ဖမ်းဆီးသွားပြီး နိုင်ယာမီ မြို့တော်မှ အနောက်ဖက် (၁၃)မိုင် အကွာရှိ စစ်တန်းလျားတွင် ဖမ်းဆီးထားသည်ဟု ယူဆရကြောင်း AFP သတင်းဌာနက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here