မြေးတဦး ရပြီဖြစ်ကြောင်း သိရပြီး နောက် မေ့မြောနေရာမှ သတိ ပြန်ရ လာသူ

alt

ကိုမာရောဂါ ရ၍ (၂)ပါတ်ကြာမျှ မေ့မြော နေသူ တဦးအား ဇနီးသည် က နား အနားကပ်ကာ ၎င်းအနေ နှင့် အဖိုးတဦး ဘဝကို ပိုင်ဆိုင်ခွင့် ရရှိပြီ ဖြစ်ကြောင်း

ပြောဆို လိုက်ရာမှ အံ့အားသင့်ဖွယ် ပြန်လည် ရှင်သန်လာကြောင်း သိရှိရသည်။

ဒေးဗစ် ရတ်ဆယ်သည် ကာလ အတန်ကြာ မေ့မြော နေဦးမည်ဟု ဆရာဝန်များက ဇနီး သည် ဟယ်လင် ရတ်ဆယ်အား အသိပေးထား သော်လည်း ယခုအခါတွင် မိသားစုနှင့် အတူ ပျော်ရွှင်စွာ အသိချပ် နေနိုင်ပြီ ဖြစ်သည်။ အသက် (၆၀)အရွယ် ဒေးဗစ်သည် အိမ်မိုးရင်း (၁၂)ပေ အမြင့်မှ ကွန်ကရစ် ကြမ်းပြင်ပေါ် မတော်တဆ ပြုတ်ကျခဲ့ရာ ဆရာဝန်များက အသက်လု ကုသခဲ့ရသည်။

သို့သော်လည်း ၎င်းသည် သတိ မလည်လာဘဲ (၂)ပါတ်လုံးလုံး ကိုမာ ဝင်ကာ မေ့မျော နေခဲ့ခြင်း ဖြစ်သည်။ ဆရာဝန် များက ဒေးဗစ်၏ ဦးနှောက် အနီး သွေးခဲနေမှုကို (၅)နာရီကြာ Operation ပြု လုပ်ပြီး ခွဲထုတ် ပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း မြေးဦးလေး အက်ဒီကို မွေးဖွား လာပြီးနောက် ဇနီးသည်က ဒေးဗစ်၏ နားရွက်နားတွင် “ရှင့်မြေးလေးအား လာချီ ကြည့်ပါဦး”ဟု ပြောလိုက်ချိန်တွင် ၎င်းသည် အသစ်တစ်ဖန် ဘဝအား ရှင်သန်လာခဲ့ရပြီ ဖြစ်သည်။

ဟယ်လင်က ဒေးဗစ်သည် ထိုစကားပြောပြီး မကြာမီမှာပင် မျက်တောင်ခတ်ရန် ကြိုးပမ်းပြီး သူမအား မျက်လုံးပင့် ကြည့်ခဲ့ကြောင်း ပြောကြားသွားသည်။ ဆရာဝန်များက ဒေးဗစ် ထိုသို့ သက်သာ ကောင်းမွန်လာမည်ဟု မယူဆ ခဲ့ကြောင်း၊ ဒေးဗစ် သတိပြန်လည် လာသည့် သတင်းမှာ ယင်းတို့အတွက် အကြီးအကျယ် အံ့ဩ ဝမ်းမြောက်စရာ ဖြစ် လာရကြောင်း ပြောဆိုခဲ့သည်။

ဒေးဗစ်က မြေးလေး အက်ဒီကို တွေ့မြင်ခွင့် ရသည့်အတွက် ကျေနပ်ဝမ်းမြောက် ကြောင်းနှင့် မိမိအား အသိမဲ့ ဘဝ မှ ကယ်တင်ခဲ့သည့် ဇနီးသည်ကို ကျေးဇူးတင်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here