ဟေတီ နိုင်ငံအတွက် ကုလသမဂ္ဂ သမိုင်း တလျှောက် အမြင့်ဆုံး ထောက်ပံ့ငွေ ပေးရန် စီစဉ်နေ

alt

ကုလသမဂ္ဂသည် သမိုင်းတလျှောက် အမြင့်မား ဆုံး လူသားချင်း စာနာမှု ထောက်ပံ့ငွေကို ဟေတီသို့ ပေးအပ် သွားရန် စဉ်းစားနေ ကြောင်း သိရှိရ သည်။

ကုလသမဂ္ဂ၏ အထူး ကိုယ်စားလှယ် ဖြစ်သည့် အမေရိကန် သမ္မတဟောင်း ဘီကလင်တန်က လူသားချင်း စာနာမှု ထောက်ပံ့ရေး ရံပုံငွေ ဒေါ်လာ (၁.၄၄)ဘီလျံကို ဟေတီသို့ ပေးပို့ သွားရန် နောက်ဆုံးအဆင့် လျှောက်ထားလွှာကို တင်သွားလိုက်ပြီး ဖြစ်သည်။

ထို့အပြင် ဟေတီ ငလျင်ဘေးသင့် ဒုက္ခသည် များအတွက် ရွက်ဖျင်တဲများ၊ အစားအသောက်များနှင့် သန့်ရှင်းသော သောက်ရေတို့မှာ မိုးရာသီ မရောက်ခင် အလျင်မီအောင် ဖြည့်တင်းရန် အရေးပေါ် လိုအပ်ကြောင်း ကလင်တန်က ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဟေတီဆိုင်ရာ တာဝန်ကို လက်ခံ ရယူထားသည့် ကလင်တန် က ကမ္ဘာ့နိုင်ငံ အသီးသီး သို့ လည်း နောက်ထပ် အလှူငွေများ ထည့်ဝင် လှူဒါန်းကြပါရန်လည်း တိုက်တွန်း နှိုးဆော်ထားသည်။ ကုလသမဂ္ဂသည် စံချိန်တင် လူသားချင်း ထောက်ပံ့မှု ငွေကြေး ပမာဏအဖြစ် (၂၀၀၄) ခုနှစ်က နောက်ဆုံး လှူဒါန်းခဲ့ပြီး ထိုစဉ်က အရှေ့တောင်အာရှ ဆူနာမီ ရေလှိုင်းများကြောင့် ထိခိုက် ပျက်စီးမှုများအား ပြန်လည် တည်ထောင်ရန် ပေးလှူခဲ့ ခြင်း ဖြစ်သည်။

ဟေတီမြို့တော် ပို့ဩပရင့်စ် တွင် ဇန်နဝါရီလ (၁၂)ရက် နေ့က လှုပ်ခတ်သွားသော ပြင်းအားအဆင့် (၇.၃)ရှိသော ငလျင်ကြီးကြောင့် လူပေါင်း (၂၃၀၀၀၀)ကျော် သေကြေ ပျက်စီးကာ အနည်းဆုံး လူ(၁.၂)သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here