ဗန်ကူးဗား အိုလံပစ်တွင် အပျော်လွန် မိသည့် ဆုတံဆိပ်ရှင် နှင်းလျှောစီး သမား သွားတချောင်း ဆုံးရှုံး

alt

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားတွင် ကျင်းပ နေသည့် (၂၀၁၀)ခုနှစ်၊ ဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် နှင်းလျှောစီး သမား တဦးသည် အောင်ပွဲ ရ၍ အပျော်လွန်ကာ

သတင်းထောက်များ ခိုင်းသည့်အတိုင်း လုပ်မိ သောကြောင့် သွားတချောင်း ဆုံးရှုံး သွားခဲ့ရ သည်။

ဂျာမန်လူမျိုး နှင်းလျှော စီးသမားသည် ပြိုင်ပွဲ တွင် ငွေတံဆိပ် ဆွတ်ခူးခဲ့ပြီးနောက် အောင်ပွဲ အထိမ်းအမှတ် ဓာတ်ပုံ အရိုက်ခံရာ သတင်း ထောက် များက ၎င်း၏ ငွေတံဆိပ်ကို ကိုက်နေသည့်ပုံ အရိုက်ခံ ရန် တောင်းဆိုခဲ့ရာ ထိုအတိုင်း လိုက်လုပ်ခဲ့ပြီးနောက် သွားတချောင်း ကျိုးသွားသည်အထိ ကိုက်ပြ လိုက်ခြင်း ဖြစ်သည်။

မိမိအား ဓာတ်ပုံ ဆရာများက ထိုသို့ တောင်းဆိုကြောင်း၊ တံဆိပ်အား ကိုက်လိုက်စဉ် ရာသီဥတု အေးနေ၍ နာကျင် မှု ကို မခံစားရကြောင်း၊ ဓာတ်ပုံ ရိုက်ပြီးသည့် အခါမှ ရှေ့သွားတချောင်း မရှိတော့သည်ကို သတိပြုမိကြောင်း အသက်(၂၈)နှစ် အရွယ် ဒေးဗစ်မိုလာ ကဆို သည်။ ယခုလို ဖြစ်သွားသည့် အတွက် ၎င်းအနေနှင့် ဓာတ်ပုံ အရိုက် ခံရာတွင် သွားပေါ်အောင် ပြံုးရဲတော့မည် မဟုတ်ကြောင်းလည်း မိုလာက ဂျာမန် သတင်းဝဘ်ဆိုဒ် Bild သို့ ပြောကြားခဲ့သည်။

ကနေဒါ၌ ကျင်းပလျှက် ရှိသော ဗန်ကူးဗား ဆောင်းရာသီ အိုလံပစ် ပွဲတော်သည် ဖေဖော်ဝါရီလ (၂၈)ရက် နေ့တွင် ပြီးစီးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here