ဟေတီ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြင်သစ်နိုင်ငံမှ ငွေကြေး အမြောက်အမြား ထောက်ပံ့သွားမည်

alt

ဟေတီသို့ ရောက်ရှိခဲ့သည့် ပြင်သစ်သမ္မတ နီကိုလတ် ဆာကိုဇီက ငလျင်ဒဏ်သင့် ပြည်သူများ အတွက် ငွေကြေးပမာဏ အမြောက်အမြား ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြား ခဲ့သည်။

သမ္မတကြီးက ပြင်သစ်နိုင်ငံသည် ဇန်နဝါရီလ (၁၂)ရက်နေ့ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစား လိုက်ရသည့် ဟေတီနိုင်ငံ ပို့ဩပရင့်စ် သို့ ဖေဖော်ဝါရီလ (၁၇)ရက် နေ့တွင် ရောက်ရှိလာခဲ့ပြီး မြို့တော်အနှံ့ လိုက်လံစစ်ဆေး ကြည့်ရှုခဲ့သည်။

ပြင်းအားအဆင့် (၇.၃)ရှိသော ငလျင်ကြီးကြောင့် ဟေတီနိုင်ငံသား (၂၃၀၀၀၀)ကျော် သေဆုံး ခဲ့ပြီး လူဦးရေ (၃)သန်းခန့် အိုးမဲ့အိမ်မဲ့ အခြေအနေနှင့် ကြံုတွေ့နေရသည်။ ဆာကိုဇီ အနေနှင့် (၁၈၀၄) ခုနှစ်က ပြင်သစ် လက်အောက်ခံ ဘဝမှ လွတ်လပ်ရေး ရယူခဲ့သော ဟေတီသို့ ပထမဆုံး ပြင်သစ် သမ္မတ အနေနှင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် ပို့ဩပရင့်စ် တွင် (၄)နာရီကြာမျှ လှည့်လည် ကြည့်ရှုခဲ့ပြီး ပြင်သစ်သံရုံး ဝန်ထမ်းများ၊ ထောက်ပံ့ရေး လုပ် အားပေး အဖွဲ့များကို တွေ့ဆုံခဲ့သည်။

ထို့နောက် မြို့တော် အနှံ့အပြားအား ရဟတ်ယာဉ် ခရီးစဉ်ဖြင့် လေ့လာကာ ဟေတီအား ငွေကြေး အလုံးအရင်း ကူညီရန် ကတိပြုလိုက်သည်။ ဆာကိုဇီက ပြင်သစ်နှင့် ဟေတီ အကြား အတိတ်က အရိပ်ကြောင့် ဆက်ဆံရေးတွင် အဖုအထစ်များ ရှိနေသည်ကို ဝန်ခံခဲ့သော်လည်း လူသားချင်း စာနာမှုဖြင့် အကူအညီများ ပေးပို့မည်ဟု ပြောကြား သွားခဲ့သည်။ ထို့အပြင် ယခုအခြေအနေသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သမိုင်း စာမျက်နှာသစ် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဆာကိုဇီက ဆိုသည်။

သို့သော်လည်း လွတ်လပ်ရေး ရပြီးနောက် ဟေတီက ပြင်သစ်အား ပေးချေရန် ကျန်နေသေးသည့် အကြွေးများနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကိုမူ ဆာကိုဇီ က ရှောင်လွှဲ ဖြေဆို သွားခဲ့သည်။ ဟေတီသည် ပြင်သစ်နိုင်ငံ ထံသို့ ဆယ်စု နှစ်ဝက်မျှ အကြွေးမဆပ်နိုင်ဘဲ ကျန်နေဆဲဖြစ်ပြီး စုစုပေါင်း ငွေကြေးတန်ဖိုး ဒေါ်လာ ဘီလျံ (၂၀)မျှ အထိ ရှိနေနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here