အာဖဂန်တွင် ထိုးစစ်ဆင်နေသည့် နေတိုး တပ်ဖွဲ့များ ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် အခက်ကြုံနေ

alt

အာဖဂန် နစ္စတန်ရှိ တာလီဘန် တပ်ဖွဲ့ များအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် နေသည့် NATO နှင့် အာဖဂန် စစ်တပ် များသည် အောင်မြင်မှုများ ရရှိနေ

သည့်တိုင် Sniper နှင့် ချောင်းမြောင်း ပစ်ခတ်မှု များကြောင့် အခက်အခဲများ ကြံုနေ ရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ (၁၇)ရက် နေ့က ဗြိတိန် တပ်မဟာ (၃)၊ မရိန်း တပ်ခွဲ(၆)မှ တပ်ဖွဲ့များ သည် Sniper ဖြင့် ချံုခို တိုက်ခိုက်မှုများ ကြံုတွေ့ ခဲ့ရသည်။ ဗြိတိန် တပ်ဖွဲ့၏ အဆိုအရ အနီးအနားရှိ ကျေးရွာများ အတွင်း ရွှံ့ဖြင့် ဆောက်ထားသည့် တဲငယ်များမှ Sniper ဖြင့် ပစ်ခတ်မှုများ မကြာ ခဏ ကြံုနေရကြောင်း ပြောကြားခဲ့သည်။

တာလီဘန် တို့သည် ရုရှားလုပ် Kalashnikov စက်သေနတ် များနှင့်အတူ Sniper များကိုပါ အသုံးပြု နေကြောင်း မရိန်း တပ်ဖွဲ့များက ဆိုသည်။ မာဂျာမြို့ကို မြောက်ပိုင်းမှ ဝင်ရောက်စီးနင်း တိုက်ခိုက်နေသည့် မရိန်း တပ်ဖွဲ့များအား တိုက်ခိုက်ရေး ရဟတ်ယာဉ် များက လေကြောင်းပစ်ကူ ပေးနေခြင်း နှင့်အတူ စစ်ရေးအရ အသာ စီး ရယူထားနိုင်သည့်တိုင် Sniper ရန်ကြောင့် စစ်ချီမှုများ အတန်ငယ် နှောင့်နှေး နေရကြောင်း စစ်ဦးစီးများက ဝန်ခံခဲ့ကြသည်။

ဖေဖော်ဝါရီလ (၁၅)ရက် နေ့က ခန့်မှန်းချေ မီတာ(၅၀၀) မှ (၇၀၀)ကြား လောက်တွင် ရှိနေသည့် နေရာမှ တာလီ ဘန် Sniper သမားတဦး ချောင်းမြောင်း ပစ်ခတ် မှုကြောင့် လည်ပင်းတွင် ကျည်ဆန်ထိမှန်၍ မရိန်း တပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ရ သေးသည်။ မရိန်း တပ်ဖွဲ့များသည် ယခုအခါ မာဂျာမြို့သို့ အလွန် နီးကပ်စွာ ချဉ်းကပ် လာနိုင်ပြီ ဖြစ်ပြီး စစ်ပွဲမှာ မကြာမီ ရက်ပိုင်းအတွင်း ပြီးစီး သွားဖွယ်ရှိကြောင်း ခန့်မှန်း ပြောဆို လိုက်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here