မွတ်ဆလင် ကမ္ဘာနှင့် ဆက်ဆံရန် အမေရိကန် ပြည်ထောင်စု၏ အထူး ကိုယ်စားလှယ် ခန့်အပ်

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမားသည် ဖေဖော်ဝါရီလ (၁၆)ရက် နေ့က မွတ်ဆလင် ကမ္ဘာ နှင့် ချိတ်ဆက်ရန် အထူး ကိုယ်စားလှယ်အား အသိအမှတ်ပြု ကြေညာလိုက်ပြီ ဖြစ်သည်။

မွတ်ဆလင် ကွန်ဖရင့် (OIC) သို့ သွားရောက်မည့် အမေရိကန် ပြည်ထောင်စု ကိုယ်စားလှယ် အဖြစ် အသက် (၃၁)နှစ် အရွယ် ရာရှက်ဟူစိန် အား ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က အတည်ပြုခဲ့သည်။ ဟာဆန်သည် ယေးလ် တက္ကသိုလ်မှ ဥပဒေဘွဲ့ ရထားသည့် အိန္ဒိယ မှ ပြောင်းရွှေ့နေထိုင်သည့် မွတ်ဆလင် ဘာသာဝင် တဦးလည်း ဖြစ်သည်။

၎င်းသည် ဟားဗတ် တက္ကသိုလ်မှ ပြည်သူ့ စီမံအုပ်ချုပ်ရေးနှင့် မွတ်ဆလင် ဝါဒဆိုင်ရာ ဘွဲ့လွန် များ ကိုလည်း ရရှိထားပြီး အိမ်ဖြူတော်၏ ရှေ့နေတဦး အဖြစ် ခန့်အပ် ခံထားရသူ ဖြစ်သည်။ ၎င်းသည် (OIC) ၏ အထွေထွေ အတွင်းရေးမှူး အက်မီလက်ဒင် အစ်ဆန်ဂလူ နှင့် ဆော်ဒီအာရေဗျ နိုင်ငံ၊ ဂျဒါးမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ဖူး သေးသည်။

အိုဘားမား၏ အစိုးရ အဖွဲ့က မွတ်ဆလင် နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းမှု အတွက် ဟူစိန် က အကောင်းဆုံး ဆောင်ရွက် ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဟူစိန်နှင့် ကာလ ရှည်ကြာစွာ ခင်မင်ရင်းနှီးခဲ့သူ မွတ်ဆလင်ရေးရာ ကျွမ်းကျင်ပညာရှင် အယ်လ် ဟူစိန် မက်ဟာနီ က ဟူစိန်သည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်၊ အီရန်၊ ဆိုမာလီယာ၊ ယီမင်၊ ဂျော်ဒန် နှင့် အခြားသော မွတ်ဆလင် နိုင်ငံငယ် များနှင့် အမေရိကန် တို့ကြား ဆက်ဆံရေး တိုးတက် လာအောင် ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက် ပေးသွားနိုင်ကြောင်း ခန့်မှန်းထားသည်။

ဟူစိန်သည် သမ္မတဟောင်း ဂျော့ဘုရှ် လက်ထက်က မွတ်ဆလင် ကမ္ဘာဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ တက္ကဆက် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် ဆာဒါကမ်ဘာ နေရာတွင် အစားထိုး တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here