ကစားသမား ဝယ်ယူရေး အတွက် ယူရို သန်း၈၀ အထိ ချဲလ်ဆီး အသုံးပြုမည်

alt

ချဲလ်ဆီး အသင်းသည် နွေရာသီ အပြောင်း အရွှေ့ ကာလတွင် ယူရို သန်း(၈၀) အထိ ကစား သမား ဝယ်ယူရေးအတွက် သုံးစွဲသွားရန် စီစဉ် ထားကြောင်း သိရှိရသည်။

ချဲလ်ဆီး နည်းပြ ကာလို့စ် အန်ဆ လော့တီ က အဓိက ပစ်မှတ် အနေနှင့် နာပိုလီ ကွင်းလယ်လူ မာရက်ဟမ်ဆစ် အား ရည်ရွယ်ထားပြီး အခြား သော ကစားသမားကောင်းများ ကိုလည်း လေ့လာမှုများ ပြုလုပ်လျှက် ရှိသည်။

ချဲလ်ဆီး ပိုင်ရှင်သူဌေး ရိုမန် အေဗရာမိုဗစ်က အပြောင်း အရွှေ့အတွက် ငွေကြေးပမာဏ မြောက် မြားစွာ ခွင့်ပြုထားသဖြင့် အန်ဆလော့တီ သည် ပေါ်တူဂီကလပ် ဘင်ဖီကာ မှ အာဂျင်တီးနား တောင် ပံ တိုက်စစ်မှူး အိန်ဂျယ်ဒီမာရီယာ၊ ဂျာမန်ကလပ် ဘိုရူဆီးယား ဒေါ့မန်မှ နီဗန်ဆူဘိုတစ်၊ ဘေယန် မြူးနစ်မှ ဘက်စတိန်း ရှဝိန်းစတေဂျာ တို့ကိုပါ ခေါ်ယူရန် ပြင်ဆင်လျှက် ရှိသည်။

သတင်းများက ဟမ်ဆစ်သည် လန်ဒန်ကလပ် အသင်းကြီး၏ စတမ်းဖို့ဘရစ် ကွင်းအတွင်းသို့ ရောက် ရှိလာရန် သေချာနေကြောင်း ခန့်မှန်း ဖော်ပြခဲ့ကြသည်။ စလိုဗေးနီးယား ကွင်းလယ် ဖန်တီးရှင်သည် အင်တာမီလန်နှင့် မန်ချက်စတာ ယူနိုက်တက်တို့၏ ပစ်မှတ်လည်း ဖြစ် ပြီး နာပိုလီဥက္ကဌ အော်ရယ်လီယို ဒီလော်ရန်တစ်က ရောင်းရန် မဟုတ်သော ကစားသမားအဖြစ် ကြေညာထားသည်။ နာပိုလီသည် ဟမ်ဆစ်အား တနှစ်လုပ်ခ ယူရို (၂)သန်း တန် (၅)နှစ် စာချုပ်သစ် တရပ် ကမ်းလှမ်းသွားရန်လည်း ပြင်ဆင်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here