ဆွိုင်းဖလူ ဖြစ်ပွားသူ ၁၁ဦး သာရှိဟု စစ်အစိုးရ လိမ်ညာ

alt

ထပ်မံ ဖြစ်ပွားသော ကမ္ဘာ့ လူတုပ်ကွေးရောဂါ မြန်မာနိုင်ငံ၌ ထိမ်းချုပ် သွားနိုင်ပြီ ဖြစ် ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ ယမန် နေ့က ကြေညာလိုက်သည်။

ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲနှင့် ရန်ကုန် မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ထပ်မံ ဖြစ်ပွား တွေ့ရှိရသော ဆွိုင်းဖလူ ခေါ် လူ တုပ်ကွေးရောဂါ A(H1N1) ကို ဗဟိုရောဂါ ကာကွယ် ထိမ်းချုပ်ရေးမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုကြောင့် ဝေဒနာရှင် များ သတ်မှတ် ကာလ ပြည့်မှီအောင် ဆေးရုံ တက်ခြင်းသာ ရှိပြီး ပျောက်ကင်းသက်သာ လာပြီ ဟုဆိုသည်။

ထိုရောဂါ ဖြစ်စဉ် အသစ်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း ကျောင်းတခုတွင် ၂ဦး၊ ရွှေပြည်သာ မြို့နယ် စက်ရုံတခုတွင် ၃ဦး၊ မှော်ဘီတွင် ၆ဦး စုစုပေါင်း ၁၁ဦးသာ ဆွိုင်းဖလူ ဖြစ်ပွားနေသည်ဟု ကြေညာ သွားခဲ့ သော်လည်း ကနဦး ဖြစ်ပွားရာ ချင်းပြည်နယ် ဖလမ်းအနီး ကျေးရွာ နှင့် တိုးတိုးတိတ်တိတ် ဖြစ်ပွား ခဲ့သည်ဟု ဆိုသော နေပြည်တော် ရှိ A(H1N1) တုပ်ကွေး ရောဂါရှင်များကို ဖေါ်ပြထားခြင်း အလျဉ်း မရှိပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here