Avatar ဒုတိယ ဇာတ်ကား ဇာတ်အိမ် တည်နေရာ ပြောင်းလဲရိုက်ကူး သွားမည်

alt

Avatar ဇာတ်ကား၏ ဒုတိယ ရုပ်ရှင်တွင် နောက်ခံ ကျောရိုးအဖြစ် အသုံးပြုထားသည့် ပန်ဒိုရာ ‘လ’အား ဆက်လက် အသုံးပြုမည် မဟုတ် ကြောင်း ဒါရိုက်တာ ဂျိမ်း ကင်မရွန် က အတည်ပြု ခဲ့သည်။

အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ် လမ်းဆု နှင့် အကောင်းဆုံး ဒါရိုက်တာ ဆုများ အတွက် ရေပန်း စားနေသည့် Avatar သည် ပန်ဒိုရာ ဂြိုဟ်ပေါ်ရှိ ထူးခြားသော နာဗီ သက်ရှိများနှင့် လူသား များကြား ပဋိပက္ခကို ပုံဖော် ရိုက်ကူး ထားခြင်း ဖြစ်သည်။

သို့သော်လည်း Avatar 2 တွင်မူ ပန်ဒိုရာ မဟုတ် သော အခြား လတစင်းကို ဇာတ်ကား၏ နောက်ခံ အဖြစ် အသုံးပြု သွားမည် ဖြစ်ကြောင်း ကင်မရွန်က ဆိုသည်။ သို့သော်လည်း ယင်းလ (သို့မဟုတ်) ဂြိုဟ် အဖွဲ့အစည်း၏ အမည်ကို ထိပ်တန်း လျှို့ဝှက်ချက် အဖြစ် ထားရှိ သွားဦးမည်ဟု ကင်မရွန်က ပြောကြားခဲ့သည်။

ယခင်ကမူ ကင်မရွန်သည် Avatar 2 ကိုလည်း ပန်ဒိုရာဂြိုဟ် အနေနှင့်ပင် ဇာတ်လမ်းဆင် ရိုက်ကူးရန် စိတ်ကူး ထားကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ဖူးသည်။ Avatar သည် သမိုင်းတလျှောက် ပထမဆုံး အဖြစ် ဒေါ်လာ (၂) ဘီလျံကျော် စံချိန်တင် ရရှိသည်အထိ အောင်မြင်ခဲ့သလို ရွှေကမာ္ဘလုံး ဆုပေးပွဲတွင်လည်း ဒါရိုက်တာဆုနှင့် ဇာတ်ကားဆု များ ရရှိထားပြီး ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here