မင်္ဂလာဦး ညမှာ နှစ်ကြိမ်တိုင်တိုင် အဖမ်းခံရ စံချိန်ချိုးတဲ့ သတို့သား

alt

အမေရိကန် နိုင်ငံ၊ အနောက်မြောက်ပိုင်း ဝါရှင်တန် ပြည်နယ် အနီး အိုင်ဒါဟို ပြည်နယ်မှ လီဝစ်စတန် မြို့လေးရှိ သတို့သား တဦးသည် မင်္ဂလာဦး ညတွင် နှစ်ကြိမ်တိုင်တိုင် အဖမ်းခံ ခဲ့ရကြောင်း သိရှိရသည်။

လီဝစ်စတန်၊ မြောက်ပိုင်း အိုင်ဒါဟိုရှိ အသက် (၂၁)နှစ်အရွယ် သတို့သား နာသန်လူးဝစ်သည် ဖေဖော်ဝါရီလ (၁၆)ရက် နေ့က အကြမ်းဖက် မှုနှင့် တဖက်သားအား ထိခိုက် နာကျင်စေမှု များဖြင့် အမှုဖွင့် ခံထားရပြီ ဖြစ်သည်။

လူးဝစ်သည် Valentine’s Day က လက်ထပ် ခဲ့ခြင်းဖြစ်ပြီး ထိုနေ့ညက အရက်မူးကာ မြို့ထဲ တွင် ရမ်းကားနေသဖြင့် ပထမအကြိမ် အဖမ်း ခံရခြင်း ဖြစ်သည်။ ရဲများက ၎င်းအား မေးမြန်း စစ်ဆေးပြီး ပြန်လွှတ် ပေးလိုက်ချိန် တွင် ကလက်စတန်ရှိ နေအိမ်သို့ ပြန်ရောက်သွားကာ အသစ်စက်စက် ဇနီးအား အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

သတို့သမီးက လူးဝစ်သည် သူမအား ပါးရိုက်ပြီး လည်ပင်း ညှစ်ခဲ့ကြောင်း ရဲများထံ တိုင်ကြားခဲ့ရာ၊ လူးဝစ်အား အိမ်တွင်း အကြမ်းဖက်မှု၊ နာကျင်စေမှု များဖြင့် တရားရုံတင် စစ်ဆေးမှုကို မတ်လ (၁) ရက်နေ့တွင် စတင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here