Google Buzz အား လုံခြုံရေးအတွက် စိုးရိမ် ဝေဖန်မှုများ ထွက်ပေါ်လာ

alt

Google အနေနှင့် Social Networking Feature အသစ်ဖြစ်သည့် Buzz အား Gmail တွင် စတင် ထည့်သွင်းပြီး ရက်ပိုင်း အတွင်းမှာပင် ဝေဖန်မှု များကို ခံနေရပြီ ဖြစ်သည်။

အထူးသဖြင့် Buzz သည် Privacy အတွက် လုံခြုံရေး အာမခံချက်မျိုး မရှိသောကြောင့် သုံးစွဲသူများကြား စိုးရိမ်မှုများ ဖြစ်ပေါ် နေခဲ့ရ ခြင်း ဖြစ်သည်။

Buzz ကို အသုံးပြုသူ အတော်များများက Program တခုအား အလိုအလျောက် Enroll လုပ်ခွင့် ပြုထားခြင်း ကဲ့သို့ လုပ်ဆောင်မှုများကို သဘောမတွေ့ ကြချေ။ ပညာရှင် အချို့ကလည်း Gmail သုံးစွဲနေသူများ အနေနှင့် Buzz ကို အလောတကြီး မစမ်းသပ် သင့်သေးကြောင်း အကြံပြုထား သည်။

Google သည် Buzz အား ပြန်လည် ပိတ်ခွင့်ပေးထားပြီး Gmail ၏ အောက်ဆုံးရှိ Copyright Notice အထက်နားတွင် Turn Off Buzz ဆိုသော Tab အား ထည့်သွင်း ပေးထားသည်။ Buzz သည် Public Profile၊ Connecting List များနှင့် အခြားသော Share ထားသည့် Post များကိုပါ ထိန်းချုပ်ရန် ပြဿနာများ ရှိနေသောကြောင့် လုံခြံုရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

Google ကမူ ပြီးခဲ့သည့် သီတင်းပါတ် ကမှ စတင်ခဲ့သည့် Buzz အား ပြုပြင်မှုများ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ Google သည် Social Networking ဝန်ဆောင်မှုကို ကြီးစိုးထားသည့် Twitter နှင့် Facebook တို့အား ယှဉ်ပြိုင်ရန် Buzz ကို စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ကမ္ဘာပေါ်၌ Buzz အား User ပေါင်း (၈)သန်းခန့်က စမ်းသပ် အသုံးပြုနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here