မိဘနှစ်ဦး သေဆုံးပြီး ကြေကွဲဖွယ် ကျန်ရစ်ခဲ့သည့် ၂နှစ်သား ကလေးငယ်

alt

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားရှိ ရဲများသည် သေဆုံးနေသော မိဘ နှစ်ပါး၏ ရုပ်အလောင်း အနီး ဆော့ ကစားနေသည့် (၂)နှစ် အရွယ် ကလေးငယ် တဦးအား တွေ့ရှိခဲ့ ရကြောင်း အတည်ပြု ပြောကြားလိုက်သည်။

ကော့ကေးရှားရှိ လင်မယား နှစ်ဦးသည် ဇန်နဝါရီလ (၂၇)ရက် နေ့က သေဆုံးနေခဲ့ ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထားပြီး ကလေး ငယ်သည် အနည်းဆုံး (၂၄)နာရီမျှ အလောင်း များအနီး ဆော့ကစား နေခဲ့ခြင်းဟု ရဲတပ်ဖွဲ့ က ဖေဖော်ဝါရီလ (၁၅)ရက် နေ့တွင် ကြေညာခဲ့သည်။

ငှားရမ်း ထားသော တိုက်ခန်း တခုအတွင်း အသက် (၅၂)နှစ် အရွယ် အမျိုးသားသည် ၎င်း၏ ဇနီးအား ဓားဖြင့် ထိုးသတ်ပြီး မိမိကိုယ်ကိုယ်လည်း သေကြောင်းကြံခဲ့ခြင်းဟု ရဲများကဆိုသည်။ ရဲတပ်ဖွဲ့သည် ဓားတန်းလန်းဖြင့် သေဆုံးနေသော အသက် (၂၉)နှစ် အရွယ် အမျိုးသမီး အနီးတွင် ဆွဲကြိုးချ သတ်သေ ထားသော ကလေး၏ ဖခင်ကို ပါ တွေ့ရှိခဲ့ကြရသည်။

အိမ်နီးချင်းများ၏ အဆိုအရ ယင်း လင်မယားသည် မကြာခဏ စကားများ ရန်ဖြစ်လေ့ရှိကြပြီး အများအားဖြင့် ယောက်ျားဖြစ်သူ အရက်မူး လာတိုင်း ပြဿနာ တက်လေ့ ရှိကြောင်း သိရှိရသည်။ ထို့ကြောင့်လည်း ဇနီးဖြစ်သူ၏ စူးစူးဝါးဝါး အော်သံကို ကြားမိသည့် အခါ ယခင်ကဲ့သို့ ရန်ဖြစ်နေကျ ဟုသာထင်ပြီး အလေးမမူခဲ့ကြောင်း ရဲ တပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြသည်။ နောက်တနေ့တွင်မူ အိမ်အကူ အမျိုးသမီးသည် အခန်းသို့ ရောက်လာပြီး တံခါး ခေါက်သော်လည်း မည်သူမျှ လာမဖွင့်သဖြင့် ရဲအား အကြောင်းကြားခဲ့ရာမှ ရဲများက တံခါးကိုဖျက်ပြီး အိမ်ခန်းထဲ ဝင်ကြည့်ချိန်တွင်မူ အလောင်းများအား ဘေးတွင်ထားကာ ဆော့ကစားနေသည့် ကလေးအား ကြေကွဲဖွယ်ရာ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

မှုခင်း စုံထောက်များက ယခုအခါ ကလေးငယ်အား သီးသန့် မိဘမဲ့ဂေဟာ တခုသို့ ပို့ဆောင် ထားလိုက်ပြီး ဆရာဝန် များနှင့် စိတ် ကျန်းမာရေး အထူးကုများက ဂရုတစိုက် ကြပ်မတ် စောင့်ကြည့်နေကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here