မြန်မာ့ ဘော်လုံးအသင်း ဒုတိယပွဲ အနိုင်ရပြီး အုပ်စုတက်ရန် သေချာနေ

alt

သိရိလင်္ကာ နိုင်ငံ၊ ကိုလံဘိုတွင် ကျင်းပလျှက် ရှိသော AFC Challenge Cup ပြိုင်ပွဲ၏ ဒုတိယ အကြော့ အုပ်စုပွဲစဉ်တွင် မြန်မာ့ အသင်းသည် ဘင်္ဂလားဒေ့ရှ်

အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိ သွား ကြောင်း  သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် အသင်းနှင့် မြန်မာအသင်းသည် ပွဲချိန် ၁၆မိနစ်တွင် ကွင်းလယ်လူ ထွန်းထွန်းဝင်း က အဖွင့်ဂိုး သွင်းယူခဲ့ကာ ၃၂ မိနစ်တွင် ကွင်းလယ်လူ ပိုင်စိုးက ဘင်္ဂလားဒေ့ရှ် ဂိုးသမား အေမီနယ်ဟတ် ရှေ့သို့ အနည်းငယ် ရောက်နေသဖြင့် ခေါင်းပေါ်မှ ကျော်တင်ကာ ဒုတိယဂိုး ကို သွင်းယူ နိုင်ခဲ့သည်။

ဒုတိယပိုင်း ပွဲစပြီး ၄၉မိနစ်တွင် ဘင်္ဂလားဒေ့ရှ် အသင်းဘက်မှ လူစားဝင် လာသည့် ကစားသမား ဇာဟစ်ဟူစိန် က ချေပဂိုး တဂိုး ပြန်သွင်းယူ နိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် နှစ်သင်းစလုံးက တိုက်စစ်ဆင် ကစား ခဲ့သော်လည်း ပွဲချိန် မိနစ် ရ၀ ၌ မြန်မာ တိုက်စစ်မှူး ပြည့်ဖြိုးဦး ရရှိသည့် အခွင့်အရေးကို ဂိုးသမား အေမီနယ်ဟတ် ခက်ခက်ခဲခဲ ကာကွယ်ခဲ့ ရသည့် အခြေအနေ မှအပ အပိုင်ကန်ခွင့် အခွင့် အရေးများ မရတော့ဘဲ (၂-၁)ဂိုးဖြင့် ပွဲပြီးခဲ့ရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တာဂျစ်ကစ္စတန် အသင်းနှင့် အုပ်စု နောက်ဆုံးပွဲ ကစားရမည် ဖြစ်ပြီး သရေကျ ရုံဖြင့် (၇)မှတ် ရရှိမည် ဖြစ်ပြီး အုပ်စုပထမ ရမည် ဖြစ်သည်။ ယခု ပွဲစဉ်သည် မြန်မာ အသင်း အတွက် ဒုတိယ မြောက် အနိုင်ပွဲ ဖြစ်ပြီး ပထမပွဲတွင် အိမ်ရှင် သီရိလင်္ကာ အသင်းကို (၄-၀) ဂိုးဖြင့် အနိုင် ရခဲ့၍ မြန်မာ အသင်းသည် နှစ်ပွဲနိုင် (၆)မှတ်ဖြင့် အုပ်စု အဆင့်မှ တက်ရောက်ကာ ဆီမီး ဖိုင်နယ်သို့ ရောက်ရှိရန် ၁၀၀ရာခိုင်နှုန်း သေချာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ မြန်မာအသင်း နည်းပြမှာ တင်မြင့်အောင် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here