အီဂျစ်ဘုရင် တူတန်ခမန် သေဆုံး ခဲ့ရသည့် အကြောင်းရင်း ဖော်ထုတ်နိုင်

alt

ရှေးဟောင်း အီဂျစ်သမိုင်းတွင် ထင်ရှား ကျော်ကြား လှသည့် တူတန်ခမန် ဘုရင် မင်းမြတ် သေဆုံးရခြင်း၏ တိတိကျကျ အကြောင်း ရင်းကို ဖော်ထုတ်နိုင်ပြီ

ဖြစ်ကြောင်း သုတေသီများက ကြေညာခဲ့ သည်။

အီဂျစ်၏ ဖာရိုးဘုရင်များ အနက် ကျော်ကြား လှသော ဘုရင်လေးသည် အသက် (၁၉)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် (၁၅၅၀) ဘီစီမှ (၁၂၉၅) ဘီစီ အထိ တည်တံ့ခဲ့သော အီဂျစ် နိုင်ငံတော်သစ်၏ (၁၈) ဆက်မြောက် မင်းလည်း ဖြစ်သည်။

မူလက တူတန်ခမန် ၏ သေဆုံးမှုနှင့် ပတ်သက် ပြီး လုပ်ကြံခံရခြင်း အပါအဝင် အကြောင်း အမျိုးမျိုး ကြောင့်ဟု ခန့်မှန်းခဲ့သော်လည်း ယခုနောက်ဆုံး DNA စစ်ဆေးမှုများ အရ ဘုရင်လေး နတ်ရွာ စံခြင်းသည် ငှက်ဖျားနှင့် အရိုးတွင် မူမမှန်သော ရောဂါတမျိုး တို့ကြောင့်ဟု ဖော်ထုတ် နိုင်ခဲ့သည်။ ပညာရှင်များက တူတန်ခမန်၏ မိဘ မျိုးရိုးတွင်လည်း အမျိုးမျိုးသော ရောဂါများ ရှိခဲ့မည်ဟု ခန့်မှန်း ထားကြသည်။

တူတန်ခမန်သည် အလွန် ငယ်ရွယ်သေးသည့် အရွယ်တွင် ဆုံးပါး သွားခဲ့သဖြင့် ထီးမွေနန်းလျာ သား သမီး မကျန်ရှိ ခဲ့ပေ။ ဘီစီ (၁၃၂၄)ခုနှစ်တွင် အနိစ္စ ရောက်ခဲ့သည့် ဘုရင်လေး၏ မိဘများကိုလည်း မံမီ ရုပ်အလောင်း အတော် များများ အနက်မှ DNA နည်းပညာဖြင့် ရွေးထုတ်နိုင်ခဲ့ပြီး ဖြစ်သည်။

တူတန်ခမန် နှင့် ပတ်သက်သော နောက်ဆုံးတွေ့ရှိချက် များအား ဖေဖော်ဝါရီလ (၁၇)ရက် နေ့ထုတ် American Medical Association ၏ ဂျာနယ်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here