ကမ္ဘာတဝှမ်း သတင်းထောက်များ သေဆုံးရမှု စံချိန်တင် မြင့်တက်

alt

၂၀၀၉ ခုနှစ် အတွင်း ကမ္ဘာတဝှမ်း သေဆုံးခဲ့သော သတင်းထောက် အရေအတွက် သည် စံချိန်တင် ပမာဏ အထိ မြင့်တက်လာ ကြောင်း သိရှိရသည်။

အနည်းဆုံး သတင်းထောက် (၇၁)ဦး ယမန်နှစ် အတွင်းက သေဆုံးခဲ့ကြောင်း သတင်းထောက် များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီက ကြေညာခဲ့ပြီး ယင်း အရေအတွက် သည် နှစ် ပေါင်း (၃၀)အတွင်း အမြင့်မားဆုံး ဖြစ်လာခဲ့ ရသည်။ အဆိုပါ သေဆုံးမှုများ အနက် (၂၉) ဦးမှာ တနေရာထဲတွင် ဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖိလစ်ပိုင် နိုင်ငံတွင် ဖြစ်ပွားသည့် အစုလိုက် အပြံုလိုက် လုပ်ကြံသတ်ဖြတ်မှု အတွင်း သေဆုံးသွားရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ပြိုင်ဖက်ချင်း လုပ်ကြံမှုကြောင့် ဖြစ်ပေါ်လာသော သေဆုံးမှုများသည် နိုင်ငံတကာ သတင်းမီဒီယာ သမိုင်းတွင် အဆိုးရွားဆုံး အမည်းစက်ကြီး တခုအဖြစ်လည်း ထင်ကျန် နေစေခဲ့သည်။ သတင်းထောက် များအား ဖိနှိပ်မှု အမြင့်မားဆုံး နိုင်ငံနှစ်ခုအဖြစ် တရုတ်နှင့် အီရန်တို့ကို ဖော်ပြထားသည်။ တရုတ်သည် ပြီးခဲ့သည့်နှစ် အတွင်း သတင်းထောက် (၂၄)ဦးကို ဖမ်းဆီးခဲ့ပြီး အီရန် ကမူ (၂၃)ဦးအား ဖမ်းဆီးခဲ့သည်။

ထို့ကြောင့် အီရန်တွင် အဖမ်းခံထားရသည့် သတင်းထောက်နှင့် Blogger အရေအတွက် စုစုပေါင်းသည် (၄၇)ဦး အထိ မြင့်တက်လာခဲ့သည်။ ယမန်နှစ် အတွင်း ကမ္ဘာ အရပ်ရပ်တွင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ချခံရ သည့် သတင်းထောက် အရေအတွက်မှာ အနည်းဆုံး (၁၃၆)ဦးမျှ ရှိခဲ့ကြောင်းလည်း သိရှိရသည်။ ယမန်နှစ် အတွင်း သေဆုံးသူ သတင်းထောက် (၇၁)ဦး အနက် (၅၁)ဦးသည် ရည်ရွယ်ချက်ရှိရှိ အသတ်ခံရခြင်း ဖြစ်ပြီး (၂၄)ဦး အတွက် ကိစ္စများမှာ စုံစမ်း စစ်ဆေးဆဲ အခြေအနေ တွင် ရှိနေသည်။

၂၀၀၉ ခုနှစ် မတိုင်မီက သတင်းထောက် သေဆုံးမှု အမြင့်မားဆုံး စံချိန်တင် ထားသည့်နှစ်မှာ (၂၀၀၇)ခုနှစ် ဖြစ် ပြီး ထိုစဉ်က ကမ္ဘာတဝှမ်းရှိ သတင်းထောက် (၆၇)ဦး သေဆုံး ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here