အင်ဒိုနီးရှားတွင် ညစ်ညမ်း ဝဘ်ဆိုဒ် ပိတ်ပင်ရေး စီစဉ်နေ

alt

အင်ဒိုနီးရှား အစိုးရသည် နိုင်ငံ အတွင်းရှိ ညစ်ညမ်း ဝဘ်ဆိုဒ်များ အား ပိတ်ပင်ရန် စီစဉ် နေပြီး အချို့သော Blogger နှင့် အင်တာ နက် သုံးစွဲသူများက ကန့်ကွက်နေ ကြောင်း သိရှိ ရသည်။

အများပြည်သူနှင့် မလျော်ညီသော ဝဘ်ဆိုဒ် များကို ပိတ်ပင်ရန် စီစဉ်နေကြောင်း သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုဟိုနိုက ပြောကြားခဲ့ပြီး ယင်း မတိုင်မီကလည်း နိုင်ငံအတွင်းရှိ ညစ်ညမ်း စာအုပ်များ၊ ညစ်ညမ်း ရုပ်ရှင်များ ပိတ်ပင်မှု ကို ပြုလုပ်ခဲ့ဖူးသည်။

ဝေဖန်မှုများ ရှိနေသည့်တိုင် ညစ်ညမ်းဝဘ်ဆိုဒ်များ ပိတ်ပင်မှုကို အာဏာသုံးပြီး အစိုးရ အနေနှင့် အတည်ပြု သွား ဖွယ် ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။ သတင်းဖြန့်ချီရေး နည်းပညာ ဝန်ကြီး ဌာနမှ ဂါတော့ဒူ ဝက်ရာတာ က မိမိတို့၏ ရည်ရွယ်ချက်မှာ ခပ်ရှင်းရှင်းပင် ဖြစ်ကြောင်း၊ အင်တာနက်ကို မလျော်ကန်သော နည်းလမ်းများဖြင့် အသုံးပြုနေခြင်းအား တားဆီးရန်သာ ဖြစ် ကြောင်း အတည်ပြု ပြောကြားသွားသည်။

သမ္မတ ယူဒိုဟိုနိုသည် (၂၀၀၈) ခုနှစ်က ပြဌာန်းခဲ့သည့် ညစ်ညမ်း ရုပ်ရှင်နှင့် စာပေများ တိုက်ဖျက်ရေး ဥပဒေအား အဓိက ကျောထောက်နောက်ခံ ပြုခဲ့သူလည်း ဖြစ်သည်။ ယင်း ဥပဒေအား နိုင်ငံအတွင်းရှိ ဩဇာကြီးမားသော ဘာသာရေး အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီ များကလည်း ထောက်ခံ ခဲ့ကြသည်။ သို့သော်လည်း အင်ဒိုနီးရှား အင်တာနက် User များကြားတွင်မူ အစိုးရ၏ ပိတ်ပင်မှု အသစ်အတွက် စီမံကိန်း ရေးဆွဲနေမှုအား ဆန့်ကျင်လို သော ဆန္ဒမျိုး ရှိနေကြသည်။

အင်ဒိုနီးရှား အင်တာနက် သုံးစွဲသူ (၈၀၀၀)ကျော် တို့သည် အင်တာနက် ကန့်သတ်မှုများကို ဆန့်ကျင်ကြောင်း Facebook တွင် Group ဖွဲ့ကာ ဆန္ဒပြထားကြောင်း သိရှိရ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here