လေဒီဂါဂါတွင် ကိုယ်ပိုင်အိမ် မရှိဟုဆို

alt

လေဒီဂါဂါက သူမသည် အိုးမဲ့အိမ်မဲ့ တဦးသာ ဖြစ်ကြောင်း ပြောကြား လိုက်သည်။ အသက် (၂၃)နှစ်ရှိ Poker Face အဆိုတော် သည် ဂရမ်မီဆုများ ဆွတ်ခူး ရရှိပြီး

ဂီတ လောကတွင် အကြီးအကျယ် အောင်မြင် နေသော်လည်း ကိုယ်ပိုင် အိမ်မရှိပေ။

ဂါဂါက ဒေါ်လာ သန်းနှင့်ချီ ရှိနေသော သူမ၏ ဝင်ငွေများကို ဂီတ အရည်အသွေး တိုးတက် ရန်သာ အသုံးပြုကြောင်း၊ သူမတွင် အိမ်တလုံး မရှိခြင်း အတွက် စိတ်ထဲတွင် မည်သို့မျှ မခံစား ရကြောင်း More! မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။

သူမ အတွက် ဖျော်ဖြေရေး စင်မြင့်သည် အိမ်ဖြစ်ပြီး ပရိသတ်များက အိမ်သားများဟု ခံယူထား ကြောင်း ဂါဂါက ဆိုသည်။ သူမသည် အလုပ် အပေါ်တွင်သာ အာရုံစိုက် နေမည်ဖြစ်ပြီး တနင်္ဂနွေ ကဲ့သို့ နေ့မျိုးမှသာ မိဘများ၏ အိမ်သို့ပြန်ပြီး မိသားစုနှင့် ခေတ္တ အချိန်ဖြုန်း နိုင်ကြောင်း နာမည် ကျော် Pop အဆိုတော်က ပြောကြားခဲ့သည်။

ဂါဂါသည် ပါစတာကို ကြိုက်နှစ်သက်ပြီး မိဘများ စီစဉ်ပေးသည့် အသီးအရွက်၊ ပေါင်မုန့်၊ ငါးနှင့် အသုပ်တို့ကို စားလေ့ရှိကြောင်း၊ ထိုသို့သော အချိန်မျိုးတွင်မူ ကိုယ်ပိုင် အိမ်လေးတလုံး ပိုင်ဆိုင်လိုစိတ် ဖြစ်လာတတ်သော်လည်း သူမအတွက် အဓိက အရေးကြီးသည်မှာ သီချင်းများသာ ဖြစ်သည်ဟု ခံယူထားကြောင်း More! သို့ ပြောဆို သွားခဲ့ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here