ဟားမတ်တို့ ဖမ်းဆီးထားသည့် သတင်းထောက်အား ပြန်လွှတ်ပေးရန် ဗြိတိန် တောင်းဆို

alt

ဟားမတ် တို့က ဖမ်းဆီးထားမှုကို ခံရသည့် သတင်းထောက်အား ပြန်လွှတ်ပေးရန် ဗြိတိန်နိုင်ငံက တောင်းဆို လိုက်သည်။ ပေါလ်မာတင်သည် ဖေဖော်ဝါရီလ (၁၄) ရက် နေ့က ဂါဇာတွင် အဖမ်းခံရ ခြင်း ဖြစ်ပြီး

၎င်းသည် (၂၀၀၇)ခုနှစ်က ဂါဇာတွင် ဟားမတ် မွတ်ဆလင် တပ်ဖွဲ့များ အာဏာသိမ်း ပြီးနောက် ပထမဆုံး အကြိမ် အဖမ်းခံရသည့် နိုင်ငံခြားသား ဖြစ်လာခဲ့ရသည်။

အစ္စရေးနှင့် ချိတ်ဆက်နေသည်ဟု စွပ်စွဲခံရသော ပါလက်စတိုင်း မိတ်ဆွေတဦးအား ထောက်ခံ ပြောဆိုမှုကြောင့် မာတင်အား ဟားမတ် တို့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဟားမတ် ပြည်ထဲရေး ဝန်ကြီး ဌာနက ကြေညာသည်။

ဝန်ကြီးဌာန ဝဘ်ဆိုဒ်တွင် ဖော်ပြထားမှုအရ ပါလက်စတိုင်း ဥပဒေများကို ချိုးဖောက်မှုနှင့် ဂါဇာ ကမ်းမြှောင်ဒေသ လုံခြံုရေးအပေါ် ထိပါးလာမှု များကြောင့် မာတင်အား သီတင်း နှစ်ပါတ်ကြာမျှ ထိန်းသိမ်းထားမည်ဟု ဖော်ပြထားသည်။ ယခုအခါ ဗြိတိန်ရှိ အာဏာပိုင် အဖွဲ့အစည်းများက မာတင် လွတ်မြောက်ရေး အတွက် ဟားမတ်တို့အား ဝိုင်းဝန်းဖိအား ပေးရန် နိုင်ငံတကာ သို့လည်း ပန်ကြားထားသည်။

ဟားမတ်တို့ အာဏာရ လာပြီးနောက် လူဦးရေ (၁.၅)သန်း ကျော်ရှိသော ဂါဇာဒေသ အတွင်းသို့ အရေးတကြီး လိုအပ်သော လူသားချင်း စာနာမှု အထောက်အပံ့များမှ လွဲ ပြီး ကျန်တင်ပို့မှု အားလုံးကို အစ္စရေးနှင့် အီဂျစ်တို့က ပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here