Romantic ဆန်လှသည့် အက်စတိုးနီးယား နိုင်ငံသား ချစ်ခွင့်ပန်ခြင်း

alt

Romantic ဆန်လှသော အက်စတိုးနီးယား နိုင်ငံသား တဦး၏ ချစ်သူအား လက်ထပ်ခွင့် တောင်းပုံ ကြောင့် ရုပ်ရှင် လာကြည့်သူ အမြောက်အမြား အံ့အား သင့်စရာ ဖြစ်ခဲ့ရသည်။ ဖေဖော်ဝါရီလ (၁၄)ရက် နေ့

Valentine’s Day တွင် တာလင်းရှိ ရုပ်ရှင်ရုံ တခုအတွင်း Valentine’s Day ဇာတ်ကားကို စ မပြမီ ရုပ်ရှင် ပိတ်ကား၌ ဗီဒီယို အတိုလေး ပေါ်လာပြီး ယင်း အမျိုးသားက ၎င်း၏ ချစ်သူအပေါ် မည်မျှ လေးလေးနက်နက် ချစ်ခင်ကြောင်း ခံစားချက် အပြည့်ဖြင့် ပြောကြားရိုက်ကူး ထားသည်ကို ပြသသည်။

ထို့နောက်တွင် ရုပ်ရှင်ကြည့် ပရိသတ်နှင့်အတူ အံ့အားသင့် နေသော ချစ်သူအား မိုင်ဒိုရက်တယ်လ်က နှင်းဆီပန်းလေး တပွင့်ဖြင့် “ကို့ကို လက်ထပ်နိုင်မလား”ဟု ၎င်း၏ချစ်သူအား ဒူးထောက်ကာ ခွင့် ပန်ခဲ့သည်။ ရက်တယ်လ်သည် ထိုသို့ လက်ထပ်ခွင့် တောင်းရန် ရုပ်ရှင်ရုံ တာဝန်ရှိသူ များအား ကြို တင် အကူအညီ တောင်းခံထားခြင်း ဖြစ်သည်။ ထို့နောက်တွင် ကျေနပ် ကြည်နူးမှုဖြင့် မျက်ရည်များ ကျနေသော အမျိုးသမီးက ရက်တယ်လ်၏ ကမ်းလှမ်းမှုကို လက်ခံ ကြောင်း ပြောကြား လိုက်ချိန်တွင် ရုပ်ရှင်ရုံ အတွင်းရှိ လူပေါင်းများစွာ တို့က တခဲနက် လက်ခုပ်တီးပြီး ဂုဏ်ပြုဩဘာ ပေးခဲ့ကြသည်။

ထို့နောက် ရက်တယ်လ်တို့ စုံတွဲသည် နာမည်ကြီးများစွာ ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားကိုပင် မကြည့်တော့ဘဲ ရုပ်ရှင်ရုံထဲမှ ထွက်ခွာ သွားခဲ့သည်။ “ဒီလို ကြည်နူး စရာ အချိန်လေးကို အတူ မျှဝေချင်လို့ ကျွန်တော်တို့တွေ ရုံထဲက ထွက်လာခဲ့ကြ တာပါ”ဟု ရက်တယ်လ်က ဆိုသည်။

၎င်းက ယခုလို ထူးထူးဆန်းဆန်း လက်ထပ်ခွင့် တောင်းပုံကို အင်တာနက် ဝဘ်ဆိုဒ် တခုရှိ “50 Romantic Ways to Propose” ဆိုသော အကြံပြုမှုမှ ရရှိခဲ့ခြင်း ဖြစ် ကြောင်း ဝန်ခံပြောကြား သွားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here