ဘာစီ တိုက်စစ်မှူး ဟင်နရီ အသင်းမှ ထွက်ခွာဖွယ် ရှိနေ

alt

ဘာစီလိုနာ တိုက်စစ်မှူး သီအာရီ ဟင်နရီ အနေနှင့် ရာသီကုန် တွင် အသင်းမှ ထွက်ခွာ ရဖွယ်ရှိကြောင်း သတင်းများ ထွက် ပေါ်လာခဲ့ သည်။

အသက် (၃၂)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် သည် မိမိ၏ အနာဂတ် စီမံကိန်းတွင် မပါတော့ကြောင်း နည်းပြ ပက်ဂွာဒီယိုလာ က အရိပ်အမြွက် ပြောကြားခဲ့ပြီး နောက် Marca က ယခုသို့ ဖော်ပြလာခြင်း ဖြစ်သည်။

ဟင်နရီသည် အင်္ဂလန် ကလပ် အာဆင်နယ်တွင် ဂန္တဝင် ကစားသမား အဖြစ် အအောင်မြင်ဆုံး ကာလများကို ဖြတ်သန်း ပြီးနောက် ဘာစီလိုနာ သို့ ပေါင် (၁၈)သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော်လည်း ဒဏ်ရာ အနာတရ မကြာခဏ ဖြစ်လေ့ ရှိခြင်းကြောင့် စပိန်နှင့် ဥရောပ ချန်ပီယံ ကလပ် အသင်းတွင် အကောင်းဆုံး ခြေစွမ်းကို ပြန်မရ တော့ပေ။

ဂွာဒီယိုလာသည် ယခုနှစ် အတွင်း မိနစ်ပေါင်း (၉၁၀) ကစားပြီး (၂)ဂိုးသာ သွင်းပေးထား နိုင်သည့် တိုက်စစ်မှူး နေရာတွင် အခြား ရှေ့တန်းလူ တဦးကို ဝယ်ယူ၍ ဖြစ်စေ၊ အသင်းမှ စပိန်လူငယ် တိုက်စစ်မှူးလေး ဘိုဂျန် ကာကစ်ကို တိုက်ရိုက် ဖြည့်သွင်း၍ ဖြစ်စေ အစားထိုး သွားရန် စီစဉ်နေ သည်။

ဟင်နရီသည် ဘာစီလိုနာ တိုက်စစ်တွင် လီယွန်နယ်မက်ဆီ နှင့် ဇလာတန် အီဗရာမိုဗစ် တို့၏ နောက် တွင်သာ ဦးစား ပေးနေရာ ရရှိနေသူ ဖြစ်ပြီး ရာသီကုန်တွင်မူ အသင်းမှ သေချာပေါက် ထွက်ခွာရ ဖွယ်ရှိကြောင်း Marca က ခန့်မှန်း ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here