၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် A/H1N1 တုပ်ကွေး ကူးစက်မှု မြင့်မားလာနိုင်

alt

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အတွင်း A/H1N1 တုပ်ကွေး ကူးစက်မှု အခြေအနေ မြင့်မား လာနိုင်မှု အတွက် တောင်အာဖရိက အာဏာပိုင် များက ကြိုတင် ကာကွယ်ရန် နည်းလမ်းများ ရှာဖွေလျက် ရှိသည်။

ကျန်းမာရေး ဝန်ကြီးဌာနက အာဖရိက တိုက် တွင် ပထမဆုံး ကျင်းပမည့် ဘောလုံး ပြိုင်ပွဲကြီး တွင် အဆိုပါ ကပ်ရောဂါ ပျံ့နှံ့ လာနိုင် ကြောင်း ဝန်ခံလိုက်ပြီး၊ ဇွန်လအတွင်း ကျင်းပ မည့် ကမ္ဘာ့ဖလားတွင် A/H1N1 တုပ်ကွေး တကျော့ပြန် ထကြွ လာနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီး အေရွန် မော့ဆိုလီဒီ ကဆိုသည်။

A/H1N1 တုပ်ကွေးအတွက် တောင် အာဖရိက နိုင်ငံက ကာကွယ်ဆေး ယူနစ် (၁.၃)သန်း ထောက်ပံ့ ပေးသွားရန် စဉ်းစားထားပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ကလည်း နောက်ထပ် ထိုးဆေး ယူနစ် (၃.၅) သန်းကို ကူညီ သွားရန် စီစဉ်ထားသည်။ မိမိတို့ အနေနှင့် WHO ထံမှ ထိုးဆေးယူနစ် (၃.၅)သန်း လှူဒါန်းမည် ဆိုသော အကြောင်း ကြား စာကို လက်ခံ ရရှိခဲ့ကြောင်း၊ ထို့ကြောင့်လည်း ထိုးဆေး ဝယ်ယူရေး ရံပုံငွေမှ ဒေါ်လာ (၃၂.၄၈)သန်းမျှ သက်သာ သွားကြောင်း မော့ဆိုလီဒီ က ပြောကြားခဲ့သည်။

WHO သည် A/H1N1 တုပ်ကွေးအား ကမ္ဘာ့ ကူးစက် ကပ်ရောဂါအဖြစ် ပြီးခဲ့သည့်နှစ် ဇွန်လက ကြေညာခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇွန်လတွင်လည်း ကမ္ဘာတဝှမ်း တုပ်ကွေး ထကြွကူးစက် လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သတင်းရ ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here