ဆိုမာလီးယား ကာကွယ်ရေး ဝန်ကြီး လုပ်ကြံမှုမှ လွတ်မြောက်

alt

ဆိုမာလီယာ အစိုးရ အဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးမှာ အသေခံ ဗုံးခွဲ လုပ်ကြံရန် ကြိုးပမ်းမှု တခုမှ ကံကောင်းထောက်မစွာ လွတ် မြောက် သွားကြောင်း သိရှိရ သည်။

ဝန်ကြီး ယူဆွတ် မိုဟာမက် ဆီယက် က ဖောက်ခွဲ ရေး သမားသည် ကားတစင်းကို ၎င်း စီးနင်းလာ သည့် မော်တော်ကားထံ အတင်းတိုးဝင် မောင်း နှင်လာပြီး ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ (၁၅)ရက် နေ့က မိုဂါဒစ်ရှူး မြို့တော်တွင် ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲမှုအတွင်း ဆီယက် ၏ လုံခြံုရေး ဝန်ထမ်းနှစ်ဦး ဒဏ်ရာ ရခဲ့သည်။ ဆိုမာလီ အစိုးရသည် မွတ်ဆလင် ခွဲထွက်ရေး စစ်သွေးကြွများ၏ တော်လှန် တိုက်ခိုက်မှုကို နှစ်ပေါင်း(၂၀)မျှ ကြံုတွေ့ နေရပြီး မိုဂါဒစ်ရှူး တွင် သာ နိုင်ငံတကာ အထောက်အပံ့ဖြင့် အုပ်ချုပ်နေနိုင်ပြီး ကျန်တနိုင်ငံ လုံးကို စစ်သွေးကြွ များက သိမ်းပိုက် ထားသည်။

ဆီယက်က မြို့တော် အခြေအနေကို ညဖက်ပိုင်းတွင် လှည့်လည် ကြည့်ရှုစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ပြော ကြားသွားသည်။ ယခုလုပ်ရပ်က ရန်သူများသည် မိမိ အပါအဝင် အစိုးရ အဖွဲ့ဝင်များအား သတ်ဖြတ်ရန် ကြိုးစား နေကြောင်း သတိပေးခဲ့ခြင်းပင် ဖြစ်ကြောင်း BBC သို့ ပြောကြားခဲ့သည်။ မျက်မြင်များ၏ အဆိုအရ ပေါက်ကွဲမှု ကြောင့် လမ်းဘေးတွင် ရှိနေသူ (၂)ဦးထက် မနည်း သေဆုံးကြောင်းလည်း သိရှိရသည်။

ဆိုမာလီယာရှိ အစိုးရ ဆန့်ကျင်ရေး အယ်ရှာဘက် စစ်သွေးကြွများသည် ဆေးဖက်ဆိုင်ရာ ဘွဲ့နှင်းသဘင် တခုအား ဦးတည်ပြီး ဒီဇင်ဘာလ အတွင်းက အသေခံ ဗုံးခွဲခဲ့ရာ ဝန်ကြီး (၄)ဦး သေဆုံးခဲ့သေး ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here