ယူကရိန်း သမ္မတသစ်အား ရုရှားဝန်ကြီးချုပ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

alt

ရုရှား ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်က ယူကရိန်း သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ဗစ်တာ ယန်နူ ကိုဗစ်အား ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ ပူတင်သည် အခြားသော နိုင်ငံ့ ခေါင်းဆောင်

မြောက်မြားစွာ တို့က ယန်နူကိုဗစ်ထံ ချီးကျူးဂုဏ်ပြု သဝဏ်လွှာများ ပေးပို့ပြီး နောက်အတော် ကျ သည့် ဖေဖော်ဝါရီလ (၁၅)ရက် နေ့ကျမှသာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပူတင်က ယင်း ကိစ္စအတွက် (၂၀၀၄) ခုနှစ်က ဖြစ်ပွားခဲ့သော အငြင်းပွားဖွယ် အခြေအနေ မျိုး အား ရှောင်လွှဲနိုင်ရန် ရည်ရွယ် ပြုလုပ်ခြင်းဟု အကြောင်းပြခဲ့သည်။ ထိုစဉ်က ပူတင်သည် မဲရေ တွက်မှုများ ပြုလုပ်နေဆဲ အချိန်တွင်ပင် ယန်နူကိုဗစ်အား ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ကြောင်း စွပ်စွဲ ခံရပြီး ယန်နူတိုဗစ် မှာလည်း မဲလိမ်ခဲ့သည် ဟူသော စွဲချက်များနှင့် ရင်ဆိုင် ခဲ့ရသည်။

ထို့အပြင် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းရန် လှုံ့ဆော်သည့် လိမ္မော်ရောင် တော်လှန်ရေးပါ နိုင်ငံ အတွင်း ပေါ်ပေါက် လာခဲ့သည်။ ယခုနှစ်တွင်မူ ပူတင်သည် ယန်နူကိုဗစ် အမှန်တကယ် သမ္မတအဖြစ် ရွေးကောက် ခံရကြောင်း တိတိကျကျ ကြေညာပြီးချိန်မှသာ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here