မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ မွေးနေ့ပွဲ ကျင်းပ

alt

မြောက်ကိုရီးယား အာဏာရှင် အဓိပတိကြီး ကင်ဂျံုအီ၏ မွေးနေ့ အတွက် တနိုင်ငံလုံးက ပါဝင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ခေါင်း ဆောင်ကြီး၏

မွေးနေ့အား ရုံးပိတ်ရက် အဖြစ် သတ်မှတ် ထားပြီး တနိုင်ငံလုံးရှိ ကလေးငယ် များမှာ ဘီစကွတ်နှင့် သကြားလုံးများ ပါဝင်သည့် အိတ် ကလေးများ လက်ဆောင်အဖြစ် ရရှိခဲ့ကြသည်။

ဖေဖော်ဝါရီလ (၁၆)ရက် နေ့တွင် ကျရောက် သည့် ကင်၏ မွေးနေ့ကို ရေကူး အလှပြပွဲများ၊ အမျိုးသား အထိမ်းအမှတ် ကင်ဂျွန်အီလီယာ ပန်းအလှ ကပြ တင်ဆက်မှုများဖြင့် ကြိုဆိုကြ ကြောင်း အစိုးရ သတင်း ဌာနများက ကြေညာ ခဲ့သည်။

ကင်သည် အသက်(၆၈)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး မွေးနေ့ပွဲ မတိုင်မီ တရက်အလိုက အာဏာရ ကွန်မြူနစ်ပါတီ၏ ထိပ်တန်း ပုဂ္ဂိုလ် များ စုရုံးကာ ခေါင်းဆောင်ကြီးအား မျက်မှောက်ခေတ်၏ အထူးချွန်ဆုံး အဓိပတိ တဦးအဖြစ် ချီးမြှောက် ဂုဏ်ပြု ခဲ့ကြသေးသည်။ ယမန်နှစ်က ကင်၏ မွေး နေ့တွင်မူ မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုက တောင် ကိုရီးယားအား ခြိမ်းခြောက်နေမှု ကိစ္စကြောင့် ခေါင်းဆောင်ကြီး၏ မွေးနေ့သတင်းမှာ အတန်ငယ် လူ စိတ်ဝင်စား မှု လျော့နည်း ခဲ့ရသည်။

ကင်သည် (၂၀၀၈)ခုနှစ်၊ ဩဂုတ်လက လေဖြတ် ဝေဒနာကို ခံစားခဲ့ရကြောင်း သတင်းထွက်ခဲ့ပြီး ၎င်း၏ အရိုက် အရာကို အငယ်ဆုံးသား ကင်ဂျံုအန်းထံ ကြိုတင်လွှဲပြောင်း ထားပေးပြီး ဖြစ်သည်။ မြောက် ကိုရီးယားသည် (၂၀၁၂) ခုနှစ်တွင် ကျရောက်မည့် ကွယ်လွန်သူ နိုင်ငံ အဓိပတိဟောင်း ကင်အီဆန်း ၏ နှစ်(၁၀၀)ပြည့် မွေးနေ့ပွဲ အတွက်လည်း ပြင်ဆင်ထားသည် ကိုသိရှိရသည်။ ၎င်း သည် ကင်၏ ဖခင်ဖြစ်ပြီး မြောက်ကိုရီးယားအား ကွန်မြူနစ် နိုင်ငံတော်အဖြစ် စတင် တည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here