Porn ရုပ်ရှင်အတွက် ဒါရိုက်တာ လုပ်ရန် ဂျွန်မေယာ ကမ်းလှမ်းခံရ

alt

Porn ရုပ်ရှင်တခုတွင် ဒါရိုက်တာ အဖြစ် ဆောင်ရွက်ပေးရန် ဂျွန် မေယာ အား ကမ်းလှမ်း ထားကြောင်း သိရှိရသည်။ Vivid Entertainment လုပ်ငန်းက ပြုလုပ် သော ကမ်းလှမ်း မှုသည် ၎င်းအတွက်

အိပ်မက် ဆန်လှကြောင်း Gravity အဆိုတော်နှင့် ရုပ်ရှင် သရုပ်ဆောင်က ပြောကြားခဲ့သည်။ Vivid ဥက္ကဌ စတိဗ်ဟက်က မေယာ ထံ တရားဝင် ကမ်းလှမ်းစာ ပေးပို့ခဲ့ပြီး မေယာ၏ အရည် အသွေး နှင့် ဖန်တီးမှု စွမ်းအားသည် အကောင်းဆုံး Porn ဇာတ်ကားတခုအား ဖန်တီးနိုင်မည်ဟု ယုံကြည်ပါကြောင်း ရေးသားထားသည်။

စတိဗ် က ၎င်းသည် Porn ဇာတ်ကားများကို ညစ်ညမ်းသည်ဟု လက်မခံဘဲ အမျိုးသားနှင့် အမျိုး သမီးတို့၏ သဘာဝ အလျောက် ဆက်ဆံရေး အဖြစ်သာ ရှုမြင်ကြောင်း ပြောကြားထားသူ ဖြစ် သည်။ ထို့အပြင် မေယာ၏ သန်းပေါင်း များစွာသော ပရိသတ် များကလည်း မေယာ၏ လက်ရာ Porn ဇာတ်ကားကို စိတ်ဝင်စားမည်ဟု ယူဆကြောင်း စတိဗ် ကဆိုသည်။

မင်းသမီး ဂျင်နီဖာ အင်နစ်စတန်၊ ကင်မရွန်ဒိုင်ယက်စ်၊ အဆိုတော် ဂျက်ဆီကာ ဆင်ဆမ် တို့နှင့် တွဲခဲ့ ဖူးသူ မေယာ သည် မကြာသေးမီက ၎င်း၏ အကြီးဆုံးအိပ်မက်မှာ Porn ဇာတ်လမ်းများ ရေးသား ခွင့် ရရန်ဖြစ်ကြောင်း Playboy မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here