ဘယ်ဂျီယံတွင် အဆိုးရွားဆုံး ရထားတိုက်မှု ဖြစ်ပွား

alt

ဘယ်ဂျီယံတွင် ခရီးသည်တင် ရထားနှစ်စင်း တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၈)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ (၁၅)ရက် နေ့က ဖြစ်ပွားခဲ့သော ရထားတိုက်မှု အတွင်း နောက်ထပ် လူပေါင်း

(၁၂၅)ဦးမျှ ဒဏ်ရာများ ရရှိသွားခဲ့သည်။

မြို့တော် ဘရပ်ဆဲလ် အပြင်ဖက်တွင် ဖြစ်ပွား ခဲ့သည့် ရထား မတော်တဆမှု အတွက် အသေး စိတ် စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး ရထား တစင်းက ရပ်တန့်ရန် အချက်ပြ မီးနီအား အသေအချာ ဂရုမမူမိရာမှ အခြားတစင်းနှင့် တိုက်မိခဲ့ခြင်းဟု ကောက် ချက် ချထားသည်။ ဥရောပ တိုက်တွင် အဆိုးဆုံး ရထား မတော်တဆမှု တခုအဖြစ် စာရင်းဝင်ခဲ့သော ရထားချင်း တိုက်မိမှုကြောင့် ဘယ်ဂျီယံ မှ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်နှင့် အင်္ဂလန်သို့ ပြေးဆွဲသော ရထားခရီးစဉ် အချို့တို့ ကိုလည်း ဆိုင်းငံ့ ထားလိုက်ရသည်။

အာဏာပိုင်များက ရထား နှစ်စင်းပေါ်တွင် ခရီးသည် စုစုပေါင်း (၃၀၀) ဝန်းကျင်မျှ စီးနင်း လိုက်ပါလာကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။ ရထားချင်း တိုက်မိရာတွင် ရထား လမ်းဘေးရှိ မီးအားလိုင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ဘယ်ဂျီယံ နိုင်ငံတွင် ရထားပို့ဆောင်ရေး စံနစ်သည် နိုင်ငံ၏ ဂုဏ်ယူစရာ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍတခုဖြစ်ပြီး ကမာ္ဘပေါ်တွင် ရထား ပို့ဆောင်ရေး စံနစ်ကို တတိယမြောက် အဖြစ် အမေရိကန် နှင့် ဗြိတိန် တို့နောက် (၁၈၃၅)ခုနှစ်တွင် ထူထောင် နိုင်ခဲ့ ခြင်းဖြစ်သည်။

ယခု ရထား မတော်တဆမှု သတင်းကို ကြားသိပြီးနောက် ကိုဆိုဗိုသို့ နိုင်ငံတကာရေးရာ ကိစ္စတခုဖြင့် ရောက်ရှိ နေသော ဝန်ကြီးချုပ် ယီးဗက်လက်တာမီ မှာ လေယာဉ်ဖြင့် ချက်ချင်း ပြန်လာပြီး ရထားတိုက်မှု ဖြစ်ပွားရာ နေရာ သို့ ဘုရင် အဲလ်ဘတ်(၂)နှင့် အတူ လာရောက် ကြည့်ရှုခဲ့သည်။ ဘယ်ဂျီယံတွင် ဖြစ်ပွားခဲ့သည့် ရထား မတော်တဆ မှုမှာ လွန်ခဲ့သော (၉)နှစ်က ဖြစ်ပြီး တလမ်းမောင်း သီးသန့်လိုင်းသို့ လမ်းမှား ဝင်ရောက်မိသည့် ရထားတစင်း ကြောင့် လူ(၈)ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here